Main menu

Background

လျှပ်စစ်ကား BYD e6ကို တရုတ်နိုင်ငံက အများပြည်သူတွက် ဖြန့်ချိမည်

Mon, 10/31/2011 - 06:24 -- Anonymous (not verified)

                   တရုတ်မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီ BYD ကို ထင်ရှားတဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံသူ ဝါရင်းဘူးဖက်က ကျောထောက်နောက်ခံပေးထားပြီး လျှပ်စစ်ဓါတ်အား ကိုသာအပြည့်အ၀ သုံးထားတဲ့ကားကို ပုဂ္ဂလိကဝယ်ယူ လိုသူတို့အတွက် ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။BYD e6  ကို မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ အခြေစိုက်ရာ ရှန်ဇင်းပြည်နယ်တောင်ပိုင်းမှာ အောက်တိုဘာ ၂၆ ရက်က စတင်ဖြန့်ချိခဲ့ပါတယ်။ တစ်စီးကို ယွမ် ၃၀၀၀၀၀ (ဒေါ်လာ ၄၆၈၀၀ ) နဲ့ ရောင်းချတယ်လို့ ရှင်ဝှာသတင်းဌာန က ဖော်ပြခဲ့ပါတယ်။                     လူငါးယောက်စီးကားကို 75 KW  မော်တာတပ်ထားတယ်။ အိုင်ယွန်းဘက်ထရီ ကို သုံးတယ်။ တစ်ခါ ဘက်ထရီသွင်းထားရင် မြို့ပေါ်မှာ ကီလိုမီတာ ၃၀၀ ဝန်းကျင် မောင်းလို့ရတယ်လို့ BYD  ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ယာဉ်ကို အပြည့် အဝအားသွင်းဖို့အတွက် မိနစ် ၄၀ ကြာပါတယ်။ ကားရဲ့အမြန်ဆုံးနှုန်းက တစ်နာရီကို ကီလိုမီတာ ၁၄၀ ရှိတယ်လို့ ကုမ္ပဏီကပြောပါတယ်။BYD e6  လျှပ်စစ်ကားက သာမန်ဓာတ်အားသုံးကားတွေနဲ့ နှိုင်းယှဉ်ရင် စွမ်းအင်အတွက်ကုန်ကျစရိတ် ၇၅ ရာခိုင် နှုန်းလောက် သက်သာတယ်လို့ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌ လီယန်ယူဘိုက ပြောပါတယ်။ ပြန်လည်အားသွင်းနိုင်တဲ့ ဘက်ထရီထုတ်လုပ်သူ BYD Co, Ltd. က BYD Auto  ကုမ္ပဏီကို ၂၀၀၃ ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။ အစီရင်ခံစာအရ ၂၀၁၀ ပြည့်နှစ်မှာ စီးရေ ၇၀၀ ၀၀၀ လောက်ထုတ်လုပ်မယ်၊ စီးရေ ၅၁၉၈၀၀ ရောင်းချမယ်လို့ ခန့်မှန်းထားပါတယ်။ Source. economictimes.indiatimes.com