Main menu

Background

တိုယိုတာက ၂၀၁၅ ခုနှစ်တွင် မျိုးစပ်ယာဉ်များ ထုတ်လုပ်မည်

Mon, 10/31/2011 - 06:30 -- Anonymous (not verified)

                        သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ကိုက်ညီတဲ့ ကားများအတွက် ဈေးကွက်အလားအလာရှိတဲ့ ဈေးကွက် ကို ရနိုင်ဖို့အတွက် ၂၀၁၅ ခုနှစ်မှာ မျိုးစပ်ယာဉ်တွေနဲ့ အဓိကအစိတ်အပိုင်းတွေကို တရုတ်နိုင်ငံမှာ ထုတ်လုပ် မယ်လို့ တိုယိုတာမော်တာကော်ပိုရေးရှင်းက အောက်တိုဘာ တတိယရက်သတ္တပတ်အကုန်က ကြေညာပါတယ်။ " တရုတ်နိုင်ငံမှာ ထုတ်လုပ်တဲ့ မျိုးစပ်ယာဉ်တွေကို ၂၀၁၅ ခုနှစ်မှာ တိုယိုတာနဲ့တရုတ်ဖက်စပ်လုပ်ငန်းတွေက တစ်ဆင့် စတင်ထုတ်လုပ်ရောင်းချသွားပါမယ် "လို့ တိုယိုတာ ဥက္ကဌ အာကီအိုတိုယိုတာက ပြောပါတယ်။                    ရှန်ဟိုင်းအနီးရှိမြို့တစ်မြို့ဖြစ်တဲ့ ချန်ရှုးမှာ တိုယိုတာ က လုံးဝပိုင်ဆိုင်တဲ့ သုတေသနနဲ့ ဖွံ့ဖြိုးမှုစင်တာကို တည် ဆောက်ဖို့အုတ်မြစ်ချတဲ့ အခမ်းအနားကို အောက်တိုဘာ ၂၂ ရက်ကကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ တိုယို တာက ယခုလိုကြေညာခဲ့တာဖြစ်ပါတယ်။ Toyota Motor Egineering & Manufacturing Co,Ltd.  တိုယိုတာ အုပ်စုရဲ့ ကမ္ဘာတစ်ဝန်းရှိ သုတေသနစင်တာများ အနက်အကြီးဆုံးဖြစ်ပါတယ်။ ဧရိယာဟာအကျယ် အဝန်း စတုရန်း မီတာ ၂ ဒသမ ၃ သန်းရှိပြီး စုစုပေါင်းကုန်ကျ စရိတ်ဒေါ်လာ ၆၈၉ သန်း ရှိပါတယ်။                   စင်တာတည်ဆောက်ရေးလုပ်ငန်းများ ၂၀၁၃ ခုနှစ် မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ စင်တာရဲ့အဓိကလုပ်ငန်း တာဝန် က မျိုးစပ်ယာဉ်တွေနဲ့ အဓိကအစိတ်အပိုင်းတွေကို တရုတ်မှာထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းမှု တိုယိုတာရဲ့ နည်းပညာတွေကို တရုတ် ပြည်မှာ ထုတ်လုပ်မှုအဆင်ပြေချောမွေ့ဖို့ အတွက် သုတေသနနဲ့ ဖွံ့ဖြိုးမှုစင်တာကို အကောင်းဆုံးအသုံးချသွားမယ် လို့ တိုယိုတာက ပြောပါတယ်။ Source. China Daily