Main menu

Background

ဗောက်စ်ဝက်ဂင် ကားထုတ်လုပ်ရေးက တိုယိုတာကိုကျော်တော့မည်

Mon, 10/31/2011 - 06:34 -- Anonymous (not verified)

                       ထွန်းသစ်စဈေးကွက်တွေမှာ အသာစီးရနေတဲ့ အတွက် ဗောက်စ်ဝက်ဂင်အေဂျီက တိုယိုတာနဲ့ ဂျင်နရယ် မော်တာ ( GM ) တို့ကိုကျော်တက်ပြီး ယခုနှစ်ကမ္ဘာ့ကား ထုတ်လုပ်မှုရဲ့ ထိပ်ဆုံးကိုရောက်လာတော့မယ်။ ၂၀၁၀ ပြည့်နှစ်က ကားအရောင်းမှာတတိယနေရာရှိခဲ့တဲ့ ဂျာမန် ကားရောင်းအားသည် ဘလွမ်းဘတ်က ပြုစုထားတဲ့ စစ်တမ်း အရ ၁၃ ရာခိုင်နှုန်းတိုးတက်ပြီး စင်းရေ ၈ ဒသမ ၁ သန်းရှိခဲ့တာကိုတွေ့ရ ပါတယ်။( GM ) ရောင်းအားသည် ၈ ရာခိုင်နှုန်းမြင့်တက်ပြီး ၇ ဒသမ ၅၅ သန်းနဲ့တိုယိုတာ ရောင်းအားက ၉ ရာခိုင်နှုန်းကျဆင်း ပြီး စင်းရေ ၇ ဒသမ ၂၇ သန်းရှိခဲ့ကြောင်း  စစ်တမ်းမှာဖော်ပြထားပါတယ်။                       ဗောက်စ်ဝက်ဂင်ကားရဲ့ တရုတ်နိုင်ငံမှာရောင်းအား က ၂၀၁၁ ခုနှစ်မှာ ၂၀ ရာခိုင်နှုန်းနဲ့ အိန္ဒိယနိုင်ငံမှာ နှစ်ဆမြင့်တက်ခဲ့တယ်လို့ သုတေသနအေဂျင်စီ  JD Power and Associates  ကခန့်မှန်းပါတယ်။ တိုယိုတာ ကုမ္ပဏီကတော့ မြေငလျင်ဒဏ်ကြောင့် ဒုက္ခတွေ့ရပြီး လအနည်းအကြာမှာ ထိုင်းနိုင်ငံမှာ ရေကြီးတဲ့အတွက် အရှေ့တောင် အာရှတိုယိုတာ စက်ရုံတွေကို ခေတ္တရပ်ဆိုင်း ထား ခဲ့ ပါတယ်။                       ထွန်းသစ်စဈေးကွက်တွေမှာ ကားဈေးကွက်တိုး တက်မဲ့ အလားအလာတွေ့ရှိနေပါတယ်။ ဗောက်စ်ဝက်ဂင် ကဒီအချက်ကို ကောင်းကောင်းသဘောပေါက်ပြီး ထွန်း သစ်စ ဈေးကွက်တွေမှာ အားစိုက်လုပ်ငန်းတွေ ဆောင် ရွက်လာတယ်လို့  JD Power ရဲ့ ရှန်ဟိုင်းအခြေစိုက် ဈေးကွက်ဆန်းစစ်ရေးမှူး ဂျင်နီဂူက ပြောပါတယ်။ Source. economictimes.indiatimes.com