Main menu

Background

၂၀၂၀ ပြည့်နှစ်တွင် မလေးရှားစီးပွားရေးကို ဒစ်ဂျစ်တယ်အသွင်ပြောင်းမည်

Mon, 10/31/2011 - 06:40 -- Anonymous (not verified)

                    မလေးရှားနိုင်ငံမှာ နည်းပညာသစ်ကို ဝယ်လိုအားမြင့်မားလာတဲ့ အတွက် ၂၀၂၀ ပြည့်နှစ်မှာ ဒစ်ဂျစ်တယ် စီးပွားရေးလိုအကောင်အထည် ဖော်နိုင်မဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီလို့ ကမ္ဘာ့သတင်းအချက် အလက်နဲ့ လေ့လာဆန်းစစ်ရေးအေဂျင်စီ နီလ်ဆင်းက ပြောပါတယ်။ ၂၀၁၁ ခုနှစ် မလေးရှားဒစ်ဂျစ်တယ်စားသုံးသူ အစီရင်ခံစာ အရ မလေးရှား လူမျိုးတွေက အပြောင်းအလဲကိုဆောင်ရွက်ဖို့အသင့် ရှိနေပြီ ဖြစ်တဲ့အတွက် မလေးရှားမှာ နည်းပညာ သစ်ကို စိတ်ဝင်စားမှု တိုးတက် ခိုင်မာနေတယ်လို့ နီးလ်ဆင်းမလေးရှားရဲ့ ဒါရိုက်တာ လူကာဂရိဆယ်ရီလာ က ပြောပါတယ်။                       မလေးရှားနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး အစီအစဉ်က စားသုံးသူတွေရဲ့ အပြုအမူကို ပြောင်းလဲ ပစ်တော့မယ်လို့ အောက်တိုဘာ ၂၄ ရက်ကကျင်းပတဲ့ ၂၀၁၁ ခုနှစ် မလေးရှားဒစ်ဂျစ်တယ် စားသုံးသူ အစီရင်ခံစာ ဖွင့်ပွဲအခမ်းအနားပြီးနောက် ကျင်းပတဲ့သတင်းစာရှင်းလင်း ပွဲမှာ သူကပြောပါတယ်။ မလေးရှားနိုင်ငံမှာ စမတ်ဖုန်းနဲ့ တဲဘလက် ကွန်ပျူတာတွေအသုံးပြုမှုက ထူးထူးခြားခြားအရှိန်အဟုန်ကောင်းလာ တာကို အစီရင်ခံစာအရသိရတယ်။ ဒါကြောင့် ဒီဂျစ်တယ်လုပ်ငန်းက ဒီကိရိယာတွေအလွယ်တကူရနိုင်အောင်ဆောင်ရွက်ပေးရမယ်လို့ သူက ပြောပါတယ်။                    " စမတ်ဖုန်းပိုင်ဆိုင်မှုက ၁၂ လအတွင်းမှာ နှစ်ဆတိုးလာမယ်၊ ယခုလောလောဆယ်ပိုင်ဆိုင်မှု ၄၈ ရာခိုင်နှုန်းရှိရာကနေ ၈၉ ရာခိုင်နှုန်းရှိလာပြီး တဲဘလက်ကွန်ပျူတာပိုင်ဆိုင်မှုက လောလောဆယ် ၁၈ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းထိရှိလာမယ် "လို့သူကပြောပါတယ်။                      ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးအစီအစဉ်အောင်မြင်ဖို့အတွက် မလေးရှားလူမျိုးတွေက နည်းပညာသစ်နဲ့ ကိရိယာသစ်တွေကို အသုံးပြု လာနိုင်အောင် အခြေခံအဆောက်အအုံနဲ့ ကွန်ရက်စွမ်းအင်ကို မြှင့်တင်ပေးဖို့လိုပါမယ်။ ဒီလိုမြှင့်တင်နိုင်ဖို့အတွက် ဆက်သွယ်ရေးလုပ်ငန်း ရှင်တွေနဲ့ အစိုးရတို့ပူးပေါင်းဆောင်ရွက်မှုကောင်းမွန်အောင် လုပ်ရမယ်လို့ ဂရီဆယ်ရီက ပြောပါတယ်။ အခြေခံအဆောက်အအုံနဲ့ ပထဝီဝင်ဆိုင်ရာ ပြဿနာတွေကြောင့် အင်တာနက်နဲ့ နည်းပညာသစ်သုံးစွဲရာမှာ မလေးရှားနိုင်ငံက စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ရဲ့နောက်မှာ ကျန်နေတယ်လို့ သူကပြော ပါတယ်။ တဲဘလက်ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေ အဝယ်လိုက် လာတဲ့ အပြင် အွန်လိုင်းအသုံးပြုချိန် တိုးတက်လာတဲ့အတွက် အွန်လိုင်း ကြော်ငြာ လုပ်ငန်းမှာ သုံးစွဲမှုပိုလာမယ်လို့ သူကပြောပါတယ်။ Source. bername.com