အိန္ဒိယနှင့် ပါကစ္စတန်တို့က ဆန်ဈေးကွက် ပိုမိုရရှိတိုးမြှင့် တင်ပို့နိုင်ရေးအတွက် ဆန်ဈေးနှုန်းကို အပြိုင်အဆိုင် ချပေးနေ
ထိုင်းဆန်တင်ပို့သူတွေက အောက်တိုဘာ ၂၄ ရက်မှာ ထိုင်းဆန်ဖြူ ၁၀ ရာခိုင်နှုန်းနဲ့ ၁၅ ရာခိုင်နှုန်း အမျိုးအစား တွေကို ပြည်ပတင်ပို့တဲ့ ဈေးနှုန်းမှာ တစ်တန်ကို ၅ ဒေါ်လာစီ ဈေးမြှင့်လိုက်တယ်။ ဗီယက်နမ်ဆန်ဖြူ ၂၅ ရာခိုင်နှုန်းရဲ့ ပြည်ပတင်ပို့တဲ့နှုန်းထား (FOB ဈေးနှုန်း) ကလည်း တစ်တန် ကို ၅၁၀ ဒေါ်လာမှ ၅၁၅ ဒေါ်လာအထိ ၅ ဒေါ်လာ ဈေးမြင့် ခဲ့တယ်။ ဒါပေမဲ့ အိန္ဒိယဆန်ဖြူ ၂၅ ရာခိုင်နှုန်းဈေးနှုန်းတွေမှာ တော့ တစ်တန်ကို ၄၃၀ ဒေါ်လာမှ ၄၂၀ ဒေါ်လာ ကို လည်းကောင်း ၊ ပါကစ္စတန်ဆန်ဖြူ ၂၅ ရာခိုင်နှုန်း ဈေးနှုန်းမှာ လည်း တစ်တန်ကို ၄၅၀ ဒေါ်လာမှ ၄၂၅ ဒေါ်လာအထိ ကျဆင်းခဲ့တယ်။ ၎င်းင်းနှစ်နိုင်ငံဆန်ဈေးနှုန်းတွေက အောက်တို ဘာ ၂၆ ရက်မှာ တစ်တန်ကို ၄၁၀ ဒေါ်လာအထိ ထပ်မံ ကျဆင်းသွားပြီး ဈေးနှုန်းတူညီလျက်ရှိတယ်။ ကမ္ဘာ့ဆန် ဈေးကွက်မှာ ထိုင်းနဲ့ ဗီယက်နမ်ဆန်ဈေးတွေ မြင့်လာချိန်မှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့က ဆန်ဈေးကွက်ပိုမိုရရှိ တိုးမြှင့် တင်ပို့နိုင်ရေး အတွက် ဆန်ဈေးနှုန်းကို အပြိုင်အဆိုင်ချပေး နေပြီး ဆန်တင်သွင်းမယ့် နိုင်ငံတွေကို ဆွဲဆောင်ဖမ်းစားလျက် ရှိတယ်။ လက်ရှိ ထိုင်း ၊ အိန္ဒိယနဲ့ ပါကစ္စတန် ဆန်ဖြူ ၂၅ ရာခိုင် နှုန်း ဈေးနှုန်းတွေမှာ ၅၅၀ ဒေါ်လာနဲ့ ၄၁၀ ဒေါ်လာစီ အသီးသီးဖြစ်ရာ ထိုင်းဆန်ဈေးနှုန်းက အိန္ဒိယနဲ့ ပါကစ္စတန် ဆန်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ၁၄၀ ဒေါ်လာ ဈေးမြင့်လျက်ရှိကာ ထိုင်းဆန်ကို ဝယ်ယူတင်သွင်းနေကျနိုင်ငံ တွေအနေနဲ့ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံတွေမှ ဆန်ကို ဝယ်ယူဖို့ ပိုမိုစိတ်ဝင်စားနေကြောင်း သတင်းရရှိပါတယ်။ ပပ၊Source:oryza.com , riceonline.com
