ရေနစ်မြုပ်မှုကြောင့် ထိုင်းဆန်တင်ပို့မှု နောက်တစ်လအထိ နှောင့်နှေးနိုင်တယ်လို့ ဆန်တင်ပို့သူများကဆို
ထိုင်းနိုင်ငံရေနစ်မြုပ်မှုကြောင့် သယ်ယူပို့ဆောင်မှုအခက် အခဲများဖြစ်ကာ ဆန်တင်ပို့မှုဟာ နောက်တစ်လ အထိ နှောင့်နှေးကြန့်ကြာမှုတွေရှိနေပြီး၊ အခြေအနေပိုမိုဆိုးဝါးမယ် ဆိုရင်ဆန်အရောင်းအဝယ်စာချုပ်အရ မလွန်ဆန်နိုင်သော ဖြစ်ရပ်များအနေနဲ့ကြေညာသွားနိုင်တယ်လို့ ဆန်တင်ပို့သူများ အသင်းမှ ပြောကြားပါတယ်။ ဒါပေမဲ့ ယခုအချိန်ထိတော့ မကြေညာသေးဘူးလို့ဆိုပါတယ်။ အထူးသဖြင့် Chao Phraya မြစ်ဝှမ်းတစ်လျှောက်မှာ သိုလှောင်ရုံထားရှိတဲ့ ဆန်တင်ပို့သူများဟာ နိုဝင်ဘာလ ကုန်ပိုင်းလောက်မှာ ရေကျဆင်းတဲ့ နောက်တစ်လအထိ ရွှေ့ဆိုင်းကြရပါတယ်။ အဲဒီလိုဆိုးဝါးတဲ့ ပြဿနာအခက် အခဲ များနဲ့ ရင်ဆိုင်နေရတဲ့ဆန်တင်ပို့သူများအနေနဲ့ ထိုင်းကုန်သည် များအသင်းကိုမလွန်ဆန်နိုင်သော အကြောင်းတရားများအဖြစ် ကြေညာသတ်မှတ်ဖို့ တောင်းဆိုနိုင်တယ်လို့လည်းဆိုပါတယ်။ ဒါပေမဲ့ Jh Capital Rice ရဲ့ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ Wanlop Pitchpongsa ပြောကြားတာတော့ ၎င်းတို့ အနေနဲ့ သယ်ယူပို့ဆောင်မှုအခက်အခဲရှိလို့ သင်္ဘောတင်ပို့မှု မျှော်မှန်းထားတာထက် တစ်လဝန်းကျင် ကြာနိုင် တယ်လို့ ၎င်းင်းရဲ့ဖောက်သည်ဝယ်လက်များကို သတင်းပို့ထားကြောင်း၊ ယခုအချိန်ထိ မလွန်ဆန်နိုင်သောဖြစ်ရပ်အဖြစ် ကြေညာဖို့ မရှိသေးကြောင်း ပြောကြားပါတယ်။ လမင်း၊Source: Reuters
