ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်များမှာ ယခင် တစ်ပတ်က မတ်ပဲ တန် ၄၄၀၀ ကျော်သာအရောင်းအဝယ်ရှိခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၃ ရက်)အတွင်းမှာတော့ မတ်ပဲ SQ၊ FAQ ၊ အခွံချွတ် စုစုပေါင်း တန်ချိန် ၇၇၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခု တစ်ပတ်အတွင်း အိန္ဒိယဝယ်လက် အသင့်အတင့်ရှိခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်အချို့ကို ဒေသထွက်ပဲအသစ် အဝင်ဆက်ရှိနေသေးတဲ့အတွက် ဝယ်ယူမှု အေးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အသင့်အတင့်ဖြစ်ပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုး အနည်းငယ် ကျဆင်းလို့ ရန်ကုန် FOB ဈေးလည်းအနည်းငယ်လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၄-၁၁-၁၁ ၇၄၀-၇၆၀ ၈၀၀-၈၂၀၂၈-၁၀-၁၁ ၇၄၅-၇၆၅ ၈၁၀-၈၃၀ MIRT-MAPT
Background