ယခင်တစ်ပတ်က ပဲစင်းငုံတန်ချိန် ၂၆၀၀ ကျော်သာတင်ပို့နိုင်ခဲ့ရာမှ ယခု တစ်ပတ် (အောက်တိုဘာလ ၂၄ ရက်မှ ၂၈ ရက်နေ့)အတွင်းမှာတော့ တန်ချိန် ၄၃၀၀ ခန့်အထိ ပိုမိုတင်ပို့လာနိုင်ပါတယ်။ အဓိကပဲများထဲမှာ ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှုက ယခင်တစ်ပတ်တွေထက် ပိုမိုနေပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ ၂၈ ရက်အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ပဲစင်းငုံတန်ချိန် ၁၃၃၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၈၅ သန်းကျော်ရရှိပြီဖြစ်ပါတယ်။ ယခင် ဘဏ္ဍာနှစ်ကာလတူက တန်ချိန် ၆၅၀၀၀ ခန့်နဲ့ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၆၂ သန်းကျော်ရရှိလို့ တင်ပို့မှုပမာဏအားဖြင့် ယခုနှစ်မှာ တစ်ဆပိုနေပေမဲ့ ဝင်ငွေ အားဖြင့် တင်ပို့မှု ပမာဏနဲ့ယှဉ်ရင် လျော့နည်းတာတွေ့ရပါတယ်။ လတ်တလော ပဲစင်းငုံအရောင်းအဝယ်ရှိလို့ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှုပုံမှန် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ MIRT-MAPT
Background