Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံ အရောင်းအဝယ်အားကောင်း

Tue, 11/08/2011 - 03:53 -- Anonymous (not verified)

                      ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရောင်း အဝယ်အားအကောင်းဆုံးပဲကတော့ ပဲစင်းငုံဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ပဲအသစ်ဝင်မလာမီ စပ်ကူးမတ်ကူး ကာလအတွက် အဝယ်လိုက်လာလို့ ယခုတစ်ပတ်(အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာလ ၃ ရက်)အတွင်းမှာ ပဲစင်းငုံဖြူနီ တန်ချိန် ၄၈၀၀၊ ငုံနီ တန် ၆၄၀၀ ခန့်နဲ့ စုစုပေါင်း တန် ၁၁၀၀၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်တဲ့ ပဲစင်းငုံတွေထဲမှာ လင်းခေးစက ဈေးပိုတယ်လို့ သိရပါတယ်။                         အရောင်းအဝယ်အားကောင်းနေတဲ့အတွက် ယခုတစ်ပတ်မှာ ပို့ကုန်ဝင်ငွေ တန်ဖိုးလျော့လို့ အခြားပဲဈေးများ အနည်းငယ်လျော့ကျပေမဲ့ ပဲစင်းငုံ FOB ဈေးကတော့ ငြိမ်နေပါတယ်။ နိုဝင်ဘာလ ၄ ရက်မှာ ပဲစင်းငုံနီ FAQ တစ်တန် ကန်ဒေါ်လာ ၅၆၀-၅၈၀၊ ဖြူနီ တစ်တန် ကန်ဒေါ်လာ ၄၆၀-၄၈၀ နဲ့ ပဲစင်းငုံနီ အဟောင်း တစ်တန် ကန်ဒေါ်လာ ၅၅၀-၅၇၀ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT-MAPT