Main menu

Background

ယခုတစ်ပတ် ကုလားပဲအရောင်းအဝယ်အသင့်အတင့်ရှိ

Tue, 11/08/2011 - 04:06 -- Anonymous (not verified)

                         ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က အရောင်းအဝယ် မရှိခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဟာ ယခုတစ်ပတ်မှာ တန်ချိန် ၁၃၀ ကျော်ရှိပါတယ်။ အရောင်းအဝယ် အသင့်အတင့်ရှိသလို ပင်လယ်ရေကြောင်းတင်ပို့မှု အနေနဲ့လည်း တန်ချိန် ၃၆၀ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ပြည်တွင်းခွဲစက်များလည်း အဝယ်ရှိတဲ့ပဲဖြစ်လို့ လက်ကျန်လျော့လာပြီဖြစ်ပြီး ပြည်ပဝယ်လိုအားလည်း အသင့်အတင့် သာရှိလို့ ရန်ကုန် FOB ဈေးအနည်းငယ် လျော့ ကျခဲ့ပါတယ်။ အောက်တိုဘာလ ၂၈ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၁၀၀၀-၁၀၂၀ ရှိရာမှ နိုဝင်ဘာလ ၄ ရက်မှာ ကန်ဒေါ်လာ ၉၈၀-၁၀၀၀ ဈေးသာ ရှိတယ်လို့ သိရပါတယ်။ MIRT-MAPT