Main menu

Background

ပြောင်းပြန်စီးတဲ့ V2 မုံရွာဈေးကွက်ဆီပြန်ဝင်လာ

Tue, 11/08/2011 - 04:09 -- Anonymous (not verified)

                    ယခုတစ်ပတ်မုံရွာ ကုန်စည်ဒိုင်ကုလားပဲဈေးကွက်မှာ V2  အနေနဲ့ ဒေသတွင်း ဝယ်လက်ရှိပြီး၊ ရောင်းလက်မရှိလို့ ရန်ကုန်ဖက်ကတစ်ဆင့် မုံရွာဈေးကွက်ထဲ ပြန်ဝင်လာမှုရှိတယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိ ရပါတယ်။ ဒေသအတွင်း ဆောင်းသီးနှံအဖြစ် စောစောစိုက်ခဲ့ကြတဲ့ V2 ခင်းအချို့ ရေဝင်ပျက်စီးမှုရှိလို့ မျိုးပြန်ဝယ်ကြ တဲ့အတွက် အခုလို ဝယ်အားကောင်းခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ကုလားပဲ(တိုင်ပေ)နဲ့ 929 ကုလားပဲ ဈေးကွက်မှာတော့ ဒေသခံစက်သမားနဲ့ ကြာဇံသမားတွေအဆွဲလိုက်လို့ တစ်နေ့အိတ် ၇၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ အခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲပေါက်ဈေး တွေကတော့ V2  တစ်တင်း ၂၂၀၀၀ ကျပ်၊ ထိုင်ဝမ်တစ်တင်း ၁၉၇၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၉၃၀၀ ကျပ် အသီးသီး ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မုံရွာဈေးကွက်မှ ကုလားပဲစီးဆင်းမှု အနေနဲ့ မန္တလေးကို တင်း ၇၀၀ ကျော်နဲ့ ရန်ကုန်ကို တင်း ၃၀၀၀ ကျော်သာရှိခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုှုင်