Main menu

Background

ပြည်ကုလားပဲ ခွဲစက်သမားများဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်

Tue, 11/08/2011 - 04:10 -- Anonymous (not verified)

                 ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးနှုန်းမှာ တစ်တင်း ၂၀၃၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ အောင်လံဖက်မှ ပဲအဝင်အနည်းငယ်ရှိသလို ပွဲရုံများကလည်းလက်ကျန်များထုတ်ရောင်းချလာခဲ့ကြပါတယ်။ ကုလားပဲဈေး အနေ နဲ့ ယခင်နှစ်ဈေးနဲ့ နှိုင်းယှဉ်ရင် သိပ်လျော့နည်းသွားခဲ့တာမျိုးမရှိဘဲ တစ်တင်း ၂၀၀၀၀ ကျပ် အထက်ရှိခဲ့ကြပါတယ်။ ယခု နိုဝင်ဘာလဆန်းပိုင်းအတွင်း အရောင်း အဝယ်ဖြစ်မှု ပမာဏ အနေနဲ့ အိတ် ၈၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း