သိပ္ပံပညာရှင်များဟာ စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကုစားဖို့ အထောက်အပံ့မပြုနိုင်ပေမယ့် စီးပွားရေးပညာရှင်တွေ မလုပ်ဆောင်နိုင်တာကို ဆောင်ရွက်နိုင်ပါတယ်။ အိန္ဒိယသုတေသနပညာရှင်များဟာ မျိုးရိုးဗီဇမြင့်ထားတဲ့ ပဲစင်းငုံပင်ကို ပထမအကြိမ် ထုတ်လုပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ပဲစင်းငုံ ဝယ်လိုအား မြင့်တက်လျက်ရှိနေပေမယ့် အထွက်နှုန်းနိမ့်ကျနေတဲ့အတွက် တစ်နှစ် ကန်ဒေါ်လာ ၁၄၂ သန်းခန့် ကုန်ကျခံပြီး တင်သွင်းနေရပါတယ်။ ဒါကြောင့်လည်း လက်လီဈေးများမြင့်တက်နေပါတယ်။ အဲဒီလိုဈေးနှုန်းမြင့်တက်နေမှုကို လျှော့ချဖို့ သိပ္ပံပညာရှင်များဟာ ယခုအခါ မျိုးရိုးဗီဇမြှင့်ထားတဲ့ စပ်မျိုး ပဲစင်းငုံမျိုးသစ်ကို တီထွင်ဖို့ဖြစ်လာခဲ့ပါတယ်။ ဘားနပ် ဟိန္ဒူတက္ကသိုလ်နဲ့ စိုက်ပျိုးရေးတက္ကသိုလ်များမှ ဌာနခွဲ၊ စိုက်ပျိုးရေးသုတေသန တို့မှ သိပ္ပံပညာရှင် ၃၁ ဦးပါဝင်တဲ့ အဖွဲ့ဖွဲ့စည်းပြီး ၄ နှစ်ကြာ ကြိုးစားရှာဖွေခဲ့ခြင်းမှ ပဲစင်းငုံမျိုးရိုးဗီဇမြှင့် အပင်အဖြစ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ သိပ္ပံပညာရှင် များဟာ ပဲသီးနှံပျက်စီးမယ့် ရောဂါပိုးမွှားဒဏ်ခံနိုင်တဲ့ မျိုး ၁၂၀၀ ကျော်နဲ့ မိုးခေါင်ဒဏ်ခံ နိုင်တဲ့ မျိုး ၁၅၂ ခုတို့ကို စမ်းသပ်ရှာဖွေခဲ့ပါတယ်။ ယင်း စီမံကိန်းကို ဦးဆောင်တဲ့ ပါမောက္ခ Nagendra Kumar Singh ပြောကြားချက်အရ ၎င်းင်းတို့ရှာဖွေဖော်ထုတ်တဲ့ မျိုးစေ့မှ ပဲဈေးကြီးမြင့်မှုကိုချဖို့ အကူ အညီဖြစ်မယ်လို့ သိရပါတယ်။ '' အိန္ဒိယနိုင်ငံအနေနဲ့ ကမ္ဘာ့ပဲစင်းငုံ ထုတ်လုပ်မှုရဲ့ ၈၅ ရာခိုင်နှုန်းကို စားသုံး တယ်လို့ သိထားပါတယ်။ နိုင်ငံအတွင်း ထုတ်လုပ်မှု နိမ့်ကျနေခြင်းကြောင့် ပဲဈေး ကြီးမြင့်နေခြင်းကို ယခုထုတ်လုပ်တဲ့ မျိုးစေ့မှ အထောက်အပံ့ ဖြစ်ပါလိမ့်မယ်လို့ "လည်း Singh က ပြောကြားပါတယ်။ ယခုမျိုးစေ့ကို အမြန် ဆုံး မျိုးပွားမှာ ဖြစ်ကြောင်း၊ ယခု စမ်းသပ်တဲ့မျိုးနဲ့ ချက်ချင်းသက်ရောက်မှု မရှိပေမယ့် ပြုပြင် ပြောင်းလဲမှု စတင်လာပြီဖြစ်လို့ အိန္ဒိယရဲ့ ဈေးနှုန်းကြီးမြင့်စွာ တင်သွင်းမှုအပေါ် မှီခိုနေရမှု အဆုံးသတ်နိုင်ပါတယ်လို့လည်း ထပ်လောင်း ပြောကြားပါတယ်။ ယမင်းရွှေစင်၊ Source: Hindustan Times
Background