Main menu

Background

ချင်းသစ်အဝင်အေးပေမယ့် ပွဲတော်ကြောင့် အဝယ်သွက်

Tue, 11/08/2011 - 04:21 -- Anonymous (not verified)

                      ဒီတစ်ပတ်အတွင်း အောင်ပန်းဈေးကွက်ကို ချင်းသစ်တွေအဝင်နည်းနေပါတယ်။ တောင်သူတွေက ရှမ်းပြည်နယ်ရဲ့ဓလေ့အတိုင်း ကထိန်အလှူပွဲတွေ လုပ်နေ တာရယ်၊ ချင်းဈေးကလည်း ထင်ထားသလောက် ဈေးမရတာ ရယ်ကြောင့် မဖော်ကြဘူးလို့ ပွဲရုံတွေကသိရပါတယ်။ အောင်ပန်းဒေသတစ်ဝိုက်ကသာ အနည်း အကျဉ်း ဝင်လာပြီး၊ ပင်လောင်းဖက်ကတော့ အဝင်မရှိသလောက်ဖြစ်နေပါတယ်။ အဝင်ကလည်း တစ်ရက်ကိုပိဿာချိန် ရာဂဏန်း လောက်သာ ဝင်ရောက်မှုရှိပြီး၊ မကွေး၊ တောင်ငူ၊ မန္တလေးက ချင်းထိုးသမားတွေ ဝယ်ယူနေတာကြောင့် အရင် တစ်ပတ်ကထက် ဈေးတက်လာပါတယ်။ ချင်းသစ်ဈေးက တစ်ပိဿာ ၄၀၀ ကျပ်၊ ၄၅၀ ကျပ်ဈေးရှိပါတယ်။                        ချင်း (ဥမ)ကတော့ တစ်ပိဿာ ၄၀၀ ကျပ်ဈေးရှိပေမဲ့ ပစ္စည်းလက်ကျန်က မရှိတော့ဘူးလို့ သိရပါတယ်။ ချင်းခြောက်က လက်ကျန်အတော် များများကျန်နေသေး တယ်လို့သိရပြီး၊ တစ်ပိဿာကို ၂၀၀၀ ကျပ်မှ ၂၃၀၀ ကျပ်ဈေးရှိပါတယ်။ လှောင်လက်အချို့ကတော့ တစ်ပိဿာ ၂၅၀၀ ကျပ်ရမှသာ ရောင်းနိုင် မယ်ဆိုလို့ အရောင်း အဝယ်ကတော့ သိပ်မဖြစ်ပါဘူး။ တောင်ကြီးဈေးကွက်မှာတော့ ဟိုပုံးချင်းခြောက် တစ်ပိဿာ ၂၅၀၀ ကျပ်၊ ၂၆၀၀ ကျပ်ဈေး ရှိတယ်လို့သိရပါတယ်။ ဧဧခိုင်