Main menu

Background

ငရုတ်ကောင်းဈေးနှုန်းများ နောက်ထပ်မြင့်တက်နိုင်

Tue, 11/08/2011 - 04:23 -- Anonymous (not verified)

                     ဝယ်လိုအားအချို့နဲ့ ကုန်လက်ကျန်လျော့နည်းမှုကြောင့် ငရုတ်ကောင်းဈေးနှုန်း အသင့်အတင့် ပြန်လည် ကောင်းမွန်လာနိုင်ကြောင်း သိရှိရပါတယ်။ ကာရာလာနဲ့ ကာနာတာကား ပြည်နယ်တွေမှာ ငရုတ်ကောင်း ထုတ်လုပ်မှုက အနည်းငယ်သာ တိုးတက်နိုင်ပြီး ငရုတ်ကောင်း အသစ်ဈေးကွက်ကို ဝင်ရောက်မှုက အကန့် အသတ် ရှိနိုင်တယ်။ အမေရိကန်ဒေါ်လာနဲ့ ရူပီးလဲလှယ်ရာမှာ အမေရိကန်ဒေါ်လာတန်ဖိုး တက်ခြင်းကလည်း ပို့ကုန်အတွက် အကျိုးဖြစ်ထွန်းနိုင်မှာဖြစ်သလို ကမ္ဘာ့ငရုတ် ကောင်းထုတ်လုပ်မှုလျော့ကျမှုနဲ့ ဝယ်လိုအား မြင့်တက်မှုကြောင့် ငရုတ်ကောင်းဈေး နှုန်းက ကာလတိုမှ ကာလရှည်အထိမြင့်တက်နိုင်ကြောင်း ကုန်သည်တွေက ခန့်မှန်း လိုက်တယ်။                     ဗီယက်နမ်ရဲ့ ငရုတ်ကောင်းသိုလှောင်ထားမှုက လျော့နည်းသွားကြောင်း အစီ ရင်ခံစာတွေအရ သိရှိရပြီး ဘရာဇီးနဲ့ အင်ဒိုနီးရှားတို့ရဲ့ ငရုတ်ကောင်းထုတ်လုပ်မှု ကလည်း ကျဆင်းသွားနိုင်တယ်။ အိန္ဒိယမှာလည်း ပိုမိုအကျိုးအမြတ်ရရှိမယ့် သီးနှံ ကို ပြောင်းလဲ စိုက်ပျိုးနေကြရာ ငရုတ်ကောင်းထုတ်လုပ်မှုကို ထိခိုက်မှာဖြစ်တယ်။ အိန္ဒိယနိုင်ငံ ဟင်းခတ်အမွှေးအကြိုင်အသင်းရဲ့ နောက်ဆုံးအစီရင်ခံစာအရ ငရုတ်ကောင်းတင်ပို့မှုက ၂၀၁၀ ခုနှစ် ဧပြီလမှ သြဂုတ်လအတွင်း တန်ချိန် ၇၈၀၀ မှ ၂၀၁၁ ခုနှစ် အလားတူကာလအတွင်း ၁၂ ရာခိုင် နှုန်းမြင့်တက်ကာ တန်ချိန် ၈၇၅၀ တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source: commodityonline.com