နို့ဆီ အဝင်များ၊ နို့စိမ်းအဝင်နား အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက် တာကာလအတွင်း နို့ဆီ ၈၇၉ ဒသမ ၄၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ရှစ်သိန်းငါးသောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ DAWN တံဆိပ် နို့ဆီ တန်ချိန် ၄၁၀ ဒသမ ၆၅ တန်၊ OK တံဆိပ် ၃၆၄ဒသမ ၅၁ တန် နဲ့ အခြားတံဆိပ်နို့ဆီ ၁၀၄ ဒသမ ၃၀ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက စင်ကာ ပူဖြစ်ပါတယ်။ ဒီသီတင်းပတ်မှာ နို့စိမ်း က တင်သွင်းခြင်းမရှိခဲ့ပါဘူး။ ယခင် တစ်ပတ်က ဝင်အားကောင်းကောင်းနဲ့ တန်ချိန် သုံးရာကျော်ဝင်ခဲ့ပြီး ဒီတစ် ပတ်မှာ အဝင်နားခဲ့ပါတယ်။ နို့ဆီက ယခင်တစ်ပတ်အဝင်ထက် နှစ်ဆ ပိုမို တင်သွင်းခဲ့ပါတယ်။ နို့မှုန့်က စင်ကာပူနိုင်ငံမှ ၄ ဒသမ ၅၄ တန်၊နယူးဇီလန်မှ ၁၀၀ ဒသမ ၈၀ တန်၊ သြစတြေးလျနိုင်ငံမှ ၃ တန်နဲ့ မလေးရှားနိုင်ငံမှ ၁၈ ဒသမ ၈ တန် စုစုပေါင်း ၁၂၇ ဒသမ ၁၄ တန် တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန် ချိန်နှစ်ရာကျော် တင်သွင်းနိုင်ခဲ့လို့ ဒီတစ်ပတ်မှာ နို့မှုန့်အဝင်အားလျော့ခဲ့ပါ တယ်။MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းမရှိ အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၁ ရက်ထိကာလအတွင်း နယ်စပ်များမှ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်တို့ အသွင်းမရှိခဲ့ပါဘူး။ အောက်တိုဘာလ တစ်လလုံး နို့ဆီ ၁၅၇ တန်ကျော် (၈၂၉၄ တာ)၊ နို့စိမ်း ၂၄၃၁တန် (၁၂၈၅၂ တာ)နဲ့ နို့မှုန့် ၅၈ တန်ကျော် တင်သွင်းထားပြီးဖြစ်ပါ တယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း (နို့ဆီ) ၆၈၀ ၇၀၀ဒွန်း (နို့စိမ်း) ၆၄၀ ၆၅၀ဝမ်းတီးနို့ဆီ ၆၅၀ ၆၇၅အိုကေ(နို့ဆီ) ၆၅၀ ၆၇၅အိုကေ(နို့စိမ်း) ၆၅၀ ၆၇၅Luckey Cow ၅၈၀ -(နို့စိမ်း)MIRT (DOT)
Background