အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ၃ ဒသမ ၃၅၃ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၄၈၅ တန်ခန့် အပို့ရှိခဲ့ပြီး ယခင်အပတ်က တင်ပို့ မှုထက် ၈၅၁ တန်ကျော် လျော့နည်းခဲ့ပါတယ်။နှမ်းအရောင်အလိုက် တင်ပို့မှုတွေကတော့ နှမ်းဖြူ ၁၂၉၄ တန်ကျော်၊ နှမ်းနက်တန် ၈၉၀ ခန့်၊ နှမ်းဖြူ အခွံချွတ် ၂၁၁ တန်ကျော် ၊ နှမ်းညို ၇၆ တန်နဲ့ နှမ်းနီ ၁၃ တန်ခန့် ဖြစ်ပါတယ်။ ယခင်အပတ်ထက် နှမ်းဖြူ တင်ပို့မှုသာ ၃၆ တန်ပိုမိုခဲ့ပြီး နှမ်းနက် ၅၁၃ တန်၊ နှမ်းဖြူအခွံချွတ် ၅ တန်ခန့် ၊ နှမ်းညို ၃၂၅ တန်နဲ့ နှမ်းနီ ၄၃ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ မိမိဘက် နှမ်းဖြူနဲ့ နှမ်းနက် ဈေးများ ကျနေပြီး တစ်ဘက်နိုင်ငံမှာ နှမ်းဖြူဈေးမြင့်သော်လည်း နှမ်းနက်ဈေး အနည်းငယ် ကျနေပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်နှမ်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၉၅၀၉၃၃ ၉၇၆၆၅၁ ၂၅၆၇၁၇ ၃ ၁၂၉၆ ၁၂၈၉ ၇ ၀ .၅နှမ်းနက် ၁၂၁၅၉၈၀ ၁၂၃၂၁၀၆ ၁၆၁၈၀ ၁ .၃ ၁၅၀၆ ၁၅၄၀ ၃၄ ၂MIRT(DOBT)
Background