Main menu

Background

ဈေးအေးသော်လည်း တရုတ်ဝယ်လက် ပုံမှန်ရှိနေတဲ့ နှမ်းဖြူနဲ့နှမ်းနက်

Tue, 11/08/2011 - 05:51 -- Anonymous (not verified)

              နှမ်းဖြူကို ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပခုက္ကူ၊ မြောင်မြို့နယ်များမှ လည်းကောင်း၊ နှမ်းနီကို မကွေး၊ ရေနံချောင်း၊ ပခုက္ကူ၊ ချောက်မြို့နယ်များမှလည်းကောင်း၊ နှမ်းညိုကို ကျောက်ဆည်၊ မြစ် သား၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ မြင်းမူ၊ ချောင်းဦး၊ ဝက်လက်ဒေသများမှ လည်းကောင်း၊ နှမ်းနက်ကို မြင်းမူ၊ ချောင်းဦး၊ ဝက်လက်ဒေသများမှထွက်ရှိပြီး၊ မန္တလေးနှမ်းဈေးကွက်သို့ ဝင်ရောက်ကြောင်း၊ နှမ်းရောင်စုံများ အရောင်းအဝယ် အသွက်ကြီး မဟုတ်သော်လည်း နေ့စဉ်ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရပါတယ်။              ယခင်လ နှမ်းတစ်ပိဿာပေါက်ဈေးမှာ နှမ်းဖြူ ၁၆၂၂ ကျပ်၊ နှမ်းညို ၁၂၆၇ ကျပ်၊ နှမ်းနက်ရိုးရိုး ၁၆၆၇ ကျပ်၊ နှမ်း နက်(စမုံ)၂၂၈၉ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ ယခုလ နှမ်းတစ်ပိဿာပေါက်ဈေးမှာ နှမ်းဖြူ ၁၆၀၀ ကျပ်၊ နှမ်းညို ၁၂၄၄ ကျပ်၊ နှမ်းနက်ရိုးရိုး ၁၆၂၂ ကျပ်၊ နှမ်းနက် (စမုံ) ၂၀၆၇ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လို့ ယခင်လနဲ့နှိုင်းယှဉ်ရင် ဈေးအေးသော်လည်း အရောင်းအဝယ်ပုံမှန်ရှိကြောင်း၊ ငွေဈေးအတက်အကျ ကြမ်းတာကြောင့် ကုန်ပစ္စည်း ဝယ်ယူရောင်းချ ရာမှာသတိထားလုပ်ကိုင်ကြရပြီး၊ ယခုရက်ပိုင်း နှမ်းဈေးအေးပြီး ငြိမ်နေပေမဲ့၊ နှမ်းဖြူနဲ့ နှမ်းနက်ကို တရုတ်ဝယ်လက်မှ နေ့စဉ် ပျမ်းမျှ ၁၄၀ တန်ခန့် ဝယ်ယူလျက်ရှိကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလမှာ တရုတ်သို့အထွက် ၁၆ မိုင် စစ်ဆေးရေး ဂိတ်မှ နှမ်းဖြူ ၆၆၆၄ တန်ခန့်၊ နှမ်းနက် ၅၈၈၆ တန်ခန့် စီးဆင်းသွားကြောင်းသိရပါတယ်။ စိုးအောင်