Main menu

Background

ပဲစင်းငုံနီကို အိတ်စပို့အဆွဲပျော့လို့ ဈေးထိုးကျ

Tue, 11/08/2011 - 07:44 -- Anonymous (not verified)

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ         ယခင်              ယခု ပြောင်းလဲမှု၁ ဘုရင့်နောင်           ၁ တန်         ၄၅၂၀၀၀      ၄၄၆၀၀၀၂ မန္တလေး                ၁ ပိဿာ        ၆၇၅               ၆၅၀၃ မုံရွာ                     ၁ ပိဿာ         ၆၇၅               ၆၅၀၄ ပခုက္ကူ                  ၁ ပိဿာ         ၆၇၅               ၆၄၅၅ မြင်းခြံ                  ၁ ပိဿာ          ၆၇၀               ၆၁၀၆ အောင်လံ             ၁ ပိဿာ           ၆၅၅              ၆၅၀၇ မကွေး                 ၁ ပိဿာ            ၆၅၀             ၆၅၀ပဲစင်းငုံနီကို အိတ်စပို့အဆွဲပျော့လို့ ဈေးထိုးကျ              ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီ (RC) ကို အိတ်စပို့ ဝယ်လက်တွေက အိန္ဒိယရဲ့ ဒီပါဝလီပွဲတော်ရက်အပြီးမှာ ဝယ်အား ပျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၄၃၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၄၆၀၀၀ ကျပ် အတွင်း တန် ၄၈၃၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို ယခင်အပတ်က အိတ်စပို့အဆွဲသွက်လို့ ဈေးမြောက်တဲ့ အခါမှာ ရောင်းလက်များ အရောင်းများခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ပဲဈေးကျလာတာကြောင့် ရောင်းလက်များ ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်း နည်းခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိပေမယ့် ဝယ်အား တော့ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက ပဲစင်းငုံနီတစ်ပိဿာ ကို ၆၅၀ ကျပ်(တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ ရန်ကုန်ဝယ်လက်က နေ့စဉ်အိတ် ၁၄၀၀ ခန့်အဝယ်ရှိခဲ့သလို ပဲစင်းငုံနီ (ရွှေဘို)စကိုတော့ မြို့ခံပဲခွဲစက်တွေက ခွဲခြမ်းပြုလုပ်ရန် အတွက် တစ်ပိဿာကို ၅၂၅ ကျပ်(တစ်တန်ကို ၃၂၁၅၀၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၂၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မကွေးွးဈေးကွကွက်မ် ှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၅၀ ကျပ်(တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်ဝယ်အား ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေကြောင်း သိရပါတယ်။ မြင်းခြံံဈေးကွကွက်မှာတော့ ပဲစင်းငုံနီကို ရန်ကုန်အဆွဲက ခပ်ပါးပါးသာရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး ကအကျဘက်မှာရှိနေတာကြောင်း သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၆၁၀ကျပ်(တစ်တန်ကို ၃၇၃၅၅၇ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၅၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မုံံရွာဈေးကွက်မှာ ပြီးခဲ့တဲ့အပတ်က အရောင်းသွက်တဲ့ ပဲစင်းငုံနီက ပစ္စည်းလက်ကျန်ပြတ်သလောက်နည်းသွားချိန်မှာ ဒေသခံကုန်သည်အချို့နဲ့ ရန်ကုန်ဝယ်လက် ဝယ်အားအထိုက်အလျောက်ရှိလို့သာ တစ်ပိဿာကို ၆၅၀ ကျပ်(တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀၀ မှ ၇၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ်။