ထိုင်ဝမ်(ကုလားပဲ) ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်

ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ       ယခင်          ယခု ပြောင်းလဲမှု၁ မန္တလေး              ၁ ပိဿာ         ၁၀၆၇       ၁၀၄၀၂ မကွေး                ၁ ပိဿာ          ၁၀၃၈      ၁၀၂၇၃ ပခုက္ကူ                ၁ ပိဿာ          ၁၀၃၆      ၁၀၂၆၄ မုံရွာ                   ၁ ပိဿာ          ၁၀၅၃      ၁၀၃၇၅ အောင်လံ            ၁ ပိဿာ          ၁၀၅၀       ၁၀၂၀၆ မြင်းခြံ                 ၁ ပိဿာ         ၁၀၅၀        ၁၀၂၅၇ ပြည်                   ၁ ပိဿာ          ၁၀၆၀      ၁၀၁၅၈ ရေစကြို              ၁ ပိဿာ          ၁၀၂၇      ၁၀၁၀ထိုင်ဝမ်(ကုလားပဲ) ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်                 မန္တလေးဈေးကွက်တွင် ဒီတစ်ပတ်ကုလားပဲကို မြို့ခံပဲခွဲစက်၊ ရန်ကုန်ဝယ်လက်အချို့နဲ့ အမှုန့်ကြိတ်စက်များက ပုံမှန်အဝယ်ရှိပေ မယ့် ရောင်းလက်များအရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၄၀ ကျပ်(တစ်တန်ကို ၆၃၆၈၈၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲကို ဒေသတွင်းခွဲစက်များ၊ အမှုန့်ကြိတ်စက်များနဲ့ မြို့တွင်းလက်လီသမားများက တစ်ပိဿာကို ၁၀၃၇ ကျပ်(တစ်တန်ကို ၆၃၅၀၄၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့် ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက ကျရိပ်သမ်း လာကြောင်း မြို့ခံပဲကုန်သည်များက ဆိုပါတယ်။ အောင်လံဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်များက တစ်ပိဿာကို ၁၀၂၀ ကျပ်(တစ်တန်ကို ၆၂၄၆၃၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ မှ ၂၀၀ ကြားဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်ကျလာကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ ကုလားပဲ ကိုဒေသခံခွဲစက်တွေသာ ဝယ်အားပုံမှန်ရှိပြီး ရန်ကုန်အဆွဲပါးသွား တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၂၇ ကျပ်(တစ်တန်ကို ၆၂၈၉၂၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံခွဲစက်လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။