ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ ပိဿာ ၁၃၀၀ ၁၂၄၁၂ မန္တလေး ၁ ပိဿာ ၁၁၇၀ ၁၁၅၃၃ မုံရွာ ၁ ပိဿာ ၁၁၅၈ ၁၁၃၂၄ မြင်းခြံ ၁ ပိဿာ ၁၁၅၀ ၁၂၀၀ကုလားပဲဖြူလုံးကြီးကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်းခွဲစက်တွေ ဝယ်အားပုံမှန်ရှိ မန္တလေးဈေးကွက် မှာ ကုလားပဲဖြူလုံးကြီးက အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းစက်သမားများက ဝယ် အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၅၃ ကျပ်(တစ်တန်ကို ၇၀၆၀၈၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မြင်းခြံဈေးကွက် နဲ့ ပခုက္က္ကူဈေးကွက်မှာတော့ ကုလားပဲဖြူလုံးကြီးက ဈေးသာရှိပြီး အရောင်းအဝယ်အေးနေကြောင်း မြို့ခံကုန်သည်များက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက ရောင်းလက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ရန်ကုန်ဝယ်လက်အချို့၊ ဒေသတွင်း ခွဲစက်များနဲ့ မျိုးအတွက် ပြန်လည်ဝယ်ယူသူများက ဝယ်အားပုံမှန်ရှိ ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၁၃၂ ကျပ်(တစ်တန်ကို ၆၉၃၂၂၅ ကျပ်) နဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၄၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
Background