မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၈၉၀၀၀ ၅၇၅၀၀၀၂ မုံရွာ ၁ ပိဿာ ၈၃၅ ၈၃၅၃ ပြည် ၁ ပိဿာ ၉၁၀ ၉၀၀၄ ဟင်္သာတ ၁ ပိဿာ ၉၀၀ ၈၆၅၅ မန္တလေး ၁ ပိဿာ ၈၀၀ ၈၀၀မတ်ပဲကျဈေးနဲ့ အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC)ကို အိတ်စပို့ဝယ်လက်တွေက အောက်ဈေးနဲ့ အဝယ်ရှိပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၅၇၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၈၈၅၀၀ ကျပ် အတွင်း တန် ၅၆၃၅ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က အိန္ဒိယဝယ်လိုအားကောင်းတဲ့ မတ်ပဲက ဒီတစ်ပတ်မှာ အိန္ဒိယမှာ ဒီပါဝလီပွဲတော်ရက်များ ပြီးစီးသွားလို့ ဝယ်ယူမှု အနည်းငယ်အားပျော့သွားတာကြောင့် ယခုလိုဈေးတွေကျလာရတာ လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ။် မန္တလေးဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းပဲခွဲစက်တွေက တစ်ပိဿာကို ၈၀၀ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ တစ်နေ့ကို အိတ် ၆၀၀ မှ ၈၀၀ ကြား ပုံမှန်အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေကြောင်း သရိ ပါတယ။် မုံံရွာဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း)ကို ဒေသတွင်းစက်သမားများကသာ အဝယ်အထိုက်အလျောက် ရှိပြီး ရန်ကုန်အဆွဲအေးနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၃၅ ကျပ်(တစ်တန်ကို ၅၁၁၃၅၄ ကျပ်)နဲ့ နေ့စဉ် အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ။် ဟင်္သာတဈေးကွက် မှာမတ်ပဲ(ကုန်ကြမ်း)က ရောင်းလက်တွေထံမှာ ပစ္စည်းလက်ကျန်နည်း နေပေမယ့် ရန်ကုန်ဝယ်လက်နဲ့ မျိုးအတွက် ပြန်လည်ဝယ်ယူသူများ အဝယ်ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကိုအနိမ့်ဆုံး ၈၆၅ ကျပ်(တစ်တန်ကို ၅၂၉၇၁၇ ကျပ်)မှ အမြင့် ဆုံးတစ်ပိဿာကို ၈၈၅ ကျပ်(တစ်တန်ကို ၅၄၁၉၆၅ ကျပ်)အတွင်း တစ်ရက်ကို အိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။
Background