Main menu

Background

ပဲတီစိမ်း(အညာ)ကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ

Tue, 11/08/2011 - 08:04 -- Anonymous (not verified)

ပဲတီစိမ်း(အညာ)စဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ    ယခင်         ယခု     ပြောင်းလဲမှု ၁ မုံရွာ                    ၁ ပိဿာ     ၇၃၇         ၇၈၉ ၂ မန္တလေး               ၁ ပိဿာ     ၇၆၄        ၇၈၂ ၃ ပြည်                    ၁ ပိဿာ      ၈၁၀       ၈၃၀ ၄ မကွေး                 ၁ ပိဿာ     ၈၁၆        ၈၁၆ ၅ မြင်းခြံ                 ၁ ပိဿာ      ၆၇၅        ၆၇၅ ၆ အောင်လံ            ၁ ပိဿာ      ၈၀၀         ၈၅၀ ပဲတီစိမ်း(အညာ)ကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ                   မုံရွာဈေးကွက်မှာ ပဲတီစိမ်း(အညာ)ကို မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၈၉ ကျပ် (တစ်တန်ကို ၄၈၃၁၇၅ ကျပ်)နဲ့ အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ကထိန်ပွဲကလည်းရှိနေတော့ ဈေးကွက် ထဲမှာ ပဲအရောင်းအဝယ်လုပ်တဲ့ ကုန်သည်တွေကလည်း ပုံမှန်ထက် စာရင်နည်းသွားလို့ အရောင်းအဝယ်ထင်သလောက် မဖြစ်ခဲ့ဘူးလို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ။် မကွေးဈေးကွက်မှာ ပဲတီစိမ်း ကို မန္တလေး-ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၈၁၆ ကျပ် (တစ် တန်ကို ၄၉၉၇၁၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့် ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ ဆိုပါတယ။် မန္တလေး ဈေးကွက်မှာ ပဲတီစိမ်း(လတ်စ)ကို တရုတ်ဝယ်လက်က အရည် အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၇၈၂ ကျပ် (တစ်တန်ကို ၄၇၈၈၈၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အောင်လံဈေးကွက်မှာ ပဲတီစိမ်း (အသစ်) တွေ ဈေးကွက်ထဲ့သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေး ဝယ်လက် ကလည်း အရည်အသွေးအပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၅၀ မှ ၂၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည် ဈေးကွက်သို့ မင်းတုန်း၊ ကံမဘက်မှ ပဲတီစိမ်း(အသစ်)တွေ ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်အဆွဲကလည်း ပုံမှန်အဝယ်ရှိတာကြောင့်  ဈေးကွက်မှာ အဟောင်းရောအသစ်ပါ အရောင်းအဝယ်ဖြစ်နေတယ် လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၃၀ ကျပ် (တစ်တန်ကို ၅၀၈၂၈၃ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၅၀၀ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်