ကုန်စည်ဒိုင်သုံးသပ်ချက်

                   မတ်ပဲ(ကုန်ကြမ်း) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ပြည်ပဝယ် လိုအား အနည်းငယ်အေးသွားတာကို အကြောင်းပြပြီး ဈေးချ အဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ ပြည်နဲ့ ဟသာၤတမှည ဈေးကျ နေပြးီ မုံရွာနဲ့ မန္တလေးမှာ ဈေးငြိမ် နေကြောင်း တွေ့ ရပါတယ။်                        ပဲတီစိမ်း(အညာ)ကို အိတ်စပို့ဝယ်လက်တွေက အရည် သွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် မန္တလေး၊ မုံရွာ၊ ပြည်နဲ့ အောင်လံမှာ ဈေးအနည်းငယ်မြင့် နေပြီး မကွေးနဲ့ မြင်းခြံမှာ ဈေးတန့် နေကြောင်း သိရပါတယ်။                            ပဲစင်းငုံနီကို အိတ်စပို့ အဆွဲပုံမှန်ထက်စာရင် နည်းသွား တာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ မြင်းခြံနဲ့ အောင်လံမှာ ဈေးကျ နေပြီး မကွေးမှာ ဈေးငြိမ် နေကြောင်း တွေ့ရပါတယ်။                       ကုလားပဲဖြူလုံံးကြီးကို ပြည်ပအဆွဲနည်းပေမယ့် ပြည်တွင်း ပဲခွဲစက်များက ဝယ်အားအထိုက်အလျောက်ရှိတာကြောင့် မြင်းခြံမှာ ဈေးအနည်းငယ်မြင့်နေပြီး ဘုရင့်နောင်၊ မုံရွာနဲ့ မန္တလေးမှာ ဈေးကျနေပြီး မြင်းခြံတွင် ဈေးအနည်းငယ်မြင့် နေကြောင်း သိရပါတယ်။                         ထိုင်ဝမ်(ကုလားပဲ) ကို ရန်ကုန်ဝယ်လက်နဲ့ ပြည်တွင်းပဲခွဲစက် ၊အမှုန့်ကြိတ်စက်များက ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းလက်များ အရောင်းများတာကြောင့် မန္တလေး၊ မကွေး၊ ပခုက္ကူ၊ မုံရွာ၊ အောင်လံ၊ မြင်းခြံ၊ ပြည်နဲ့ ရေစကြိုမှာ ဈေးကအကျဘက်မ်မှာ ရှိနေတာ တွေ့ရပါတယ်။                            ပြောင်းကို တရုတ်နဲ့ ပြည်တွင်းအစာစပ်သမားများ ဝယ် အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များတာကြောင့် လားရှိုး၊ မူဆယ်နဲ့ မန္တလေးနဲ့ ဟင်္သာတမှာ ဈေးကျနေပြီး တောင်ကြီးမှာ ဈေးတန့်ေ့ နကြောင်း တွေ့ရပါတယ်။                            နှမ်းဖြူကို တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည် ပြီးတွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် မန္တလေးနဲ့ မကွေးမှာ ဈေးကျနေပြီး မုံရွာမှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။                          သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါပျော့သွားတာကြောင့် ဈေးကျ နေကြောင်း သိရပါ တယ်။