Main menu

Background

ယခင်အပတ်ထက် ပင်လယ်ရေကြောင်းမှ ရော်ဘာတန် ၃၇၀ ကျော်အပို့ပို

Tue, 11/08/2011 - 08:45 -- Anonymous (not verified)

              အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာအဆင့်စုံ ၆၄၂ တန်ခန့် တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၅၇၁ သန်းဖိုးကို ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူနဲ့ တရုတ်နိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၂၇၀ အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ တန် ၃၇၀ ကျော်ပိုမိုတင်ပို့နိုင်ပါတယ်။ ရော်ဘာအဆင့်လိုက် ပြည်ပသို့ တင်ပို့မှုတွေကတော့ ဗီယက်နမ်သို့MSR-20  တန် ၁၆၀ ၊ စင်္ကာပူသို့MSR-20 တန် ၂၀၂ တန်ခန့် ၊ တရုတ်သို့MSR-20 တန် ၁၄၀ နဲ့ မလေးရှားသို့RSS-3 တန် ၄၀ နဲ့RSS-5 တန် ၁၀၀ အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မှာ နယ်စပ်မှ ၃၅၅ တန် အပို့ရှိပြီး ယခင်အပတ်ကထက် ၁၇၇ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ် FOB (ရန်ကုန်) ဈေးနှုန်းတွေကတော့ RSS-3 တစ်တန်ကို ကန်ဒေါ်လာ ၃၅၀၀ မှ ၃၆၀၀ သို့ ဈေးပေါက်လျက်ရှိပါတယ်။ KZW