Main menu

Background

ရောင်းလိုအားစိုးရိမ်ဖွယ်ဖြစ်၍ ရော်ဘာဈေးနှုန်းတက်နိုင်

Tue, 11/08/2011 - 08:51 -- Anonymous (not verified)

                 အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းဈေးကွက်မှာတော့ အရှေ့မြောက်မုတ်သုံမိုး မပြတ်သေးတာကြောင့် ရောင်းလိုအား စိုးရိမ်ဖွယ်ရှိပြီး ရော်ဘာဈေးအနည်းငယ်ပြန်တက်လာကြောင်း သိရပါတယ်။ ကမ္ဘာ့ဈေးကွက်မှာလည်း အခြေအနေ ကောင်းဖွယ်ရှိပြီး ဈေးနှုန်း အတက်အကျကတော့ ယခုအထိမကွဲပြား သေးကြောင်း သိရပါတယ်။ ယခုနှစ်အတွက် အိန္ဒိယရဲ့ရော်ဘာသုံးစွဲမှုက ကျဆင်း နိုင်ပြီး ယခင်နှစ်က ၄ ဒသမ ၃ရာခိုင်နှုန်းရှိရာကနေသုည ဒသမ ၉ရာခိုင်နှုန်းကို ရောက်ရှိနိုင်ကြောင်း သိရပါတယ်။ ရော်ဘာ ကဏ္ဍမှာတော့ အတိုးနှုန်းမြင့်တက်မှု၊ ရေနံ ဈေးနှုန်းနဲ့ အခြားကုန်ကြမ်းအသုံးစရိတ်တွေက ထိခိုက်စေခဲ့ကြောင်း သိရပါတယ်။                  မော်တော်ကားတာယာ ထုတ်လုပ်သူများအသင်း (ATMA)ရဲ့စာရင်းများအရ ယခုဘဏ္ဍာနှစ် ပထမ (၅) လမှာ စီးပွားရေး လုပ်ငန်းသုံး ကားကြီးများ တာယာထုတ်လုပ်မှု ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ခရီးသည်တင်ကားတာယာထုတ်လုပ်မှု ၉ ရာခိုင်နှုန်း နဲ့ အပေါ့စားလုပ်ငန်းသုံး ကားတာယာထုတ်လုပ်မှု ၂၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါတယ်။ ပျမ်းမျှအားဖြင့် အိန္ဒိယရဲ့ ရော်ဘာဝယ်လိုအား ၆၀ ရာခိုင်နှုန်းဟာ ကားတာယာထုတ်လုပ်ရေး လုပ်ငန်းများမှ ဖြစ်ကြောင်း သိရပါတယ်။ Source:business line,KZW