Main menu

Background

ရေနံစိမ်းဈေးနှုန်းကျဆင်းမှုနှင့် ထိုင်းရေလွှမ်းမိုးမှုကြောင့် တိုကျိုကြိုပွိုင့် ရောင်းဝယ်ရေးတွင် ရော်ဘာဈေးနှုန်းကျဆင်း

Tue, 11/08/2011 - 08:53 -- Anonymous (not verified)

                  ရေနံစိမ်းဈေးနှုန်းကျဆင်းမှု၊ ရှယ်ယာဈေးနှုန်းကျဆင်းမှုနဲ့ ထိုင်းနိုင်ငံမှာ ရေလွှမ်းမိုးမှုတို့ကြောင့် ထိုင်းနိုင်ငံရဲ့ ဝယ်လိုအားလည်း ကျဆင်းသွားမယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် နိုဝင်ဘာ၁ ရက်က ရော်ဘာကြိုပွိုင့်ဈေးနှုန်းက ၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သတင်းရရှိပါတယ်။                 ဧပြီလသင်္ဘောတင်မယ့် ရော်ဘာကြိုပွိုင့်ဈေးနှုန်းကတစ်ကီလိုဂရမ်ကို ၇ ဒသမ ၂ ယန်းဈေးကျသွားကာ ၃၀၀ ဒသမ ၇ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၃၈၄၀ ဒသမ ၃၅)နဲ့ တိုကျိုကြိုပွိုင့် ရောင်းဝယ်ရေးမှာ ချုပ်ဆိုခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ ရှန်ဟိုင်းကြိုပွိုင့်ရောင်းဝယ်ရေးမှာ ဇန်နဝါရီလ သင်္ဘောတင်မယ့် ရော်ဘာဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၇၁၀ ယွမ်ဈေးကျသွားကာ ၂၇၁၀၅၀ ယွမ် (တစ်တန်ကို ကန်ဒေါ်လာ ၄၂၆၂) နဲ့ ချုပ်ဆိုခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရေနံစိမ်းဈေးနှုန်းကျဆင်းမှုကြောင့် ကုန်သွယ်မှု ပမာဏလျော့ကျသွားခဲ့ပေမဲ့လည်း အမေရိကန်ဒေါ်လာက ဂျပန်ယန်းငွေနဲ့ လဲလှယ်ရာမှာ တန်ဖိုးတက်သွားခဲ့ကြောင်း သိရှိရတယ်။                   အမေရိကန်ပြည်ထောင်စုရဲ့ အောက်တိုဘာလအတွက် မော်တော်ယာဉ်အရောင်းက ၈ လ အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ကြောင်းနဲ့ ဟွန်ဒါနဲ့ တိုယိုတာအမျိုးအစားကားတွေနဲ့ ထရပ်ကားတွေ ဝယ်လိုအား ကောင်းမွန်ခဲ့ကြောင်း သိရှိရတယ်။ ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်အတွင်း ရေလွှမ်းမိုးမှုအဆိုးရွားဆုံးကြောင့် ထိုင်းနိုင်ငံ မော်တော်ကား စက်ရုံတွေ ပိတ်ထားမှုကြောင့် ကားထုတ်လုပ်မှုကျဆင်းသွားမှာဖြစ်ကြောင်း ဟွန်ဒါမော်တော်ကား ထုတ်လုပ်ရေးက ပြောကြားလိုက်ပါတယ်။ အေးမွန်မွန်လှိုင်၊Source:rubbermarketnews.net