Main menu

Background

ပြောင်း တန်ချိန် တစ်သိန်းတင်သွင်းလိုသည့် ဖိလစ်ပိုင်

Tue, 11/08/2011 - 08:58 -- Anonymous (not verified)

                   ဖိလစ်ပိုင်နိုင်ငံမှ တိရစ္ဆာန်စာထုတ်လုပ်သူတွေက လာမယ့်နှစ် ဇန်နဝါရီလမှ မတ်လအတွင်းမှာ ပြောင်းအဝါတန်ချိန် ၁၀၀၀၀၀ ကို တင်သွင်းနိုင်ဖို့အတွက် အစိုးရ ရဲ့ သဘောတူညီမှုကိုစောင့်ဆိုင်းနေကြောင်း သတင်းရရှိပါတယ်။ တိုက်ဖုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ပြည်တွင်းသီးနှံတွေ ပျက်စီးခဲ့တာကြောင့် တိရစ္ဆာန် စာလုပ်ငန်းအတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို ပေးဖို့ဖြစ်ကြောင်း သိရှိရပါတယ်။                      စက်တင်ဘာလနှောင်းပိုင်းနဲ့ အောက်တိုဘာလဆန်းပိုင်းမှာ ကြုံတွေ့ခဲ့တဲ့ပြင်း ထန်တဲ့ တိုင်ဖုန်းမုန်တိုင်းကြောင့် ပြောင်းသီးနှံပျက်စီးခဲ့ရပြီး ပြည်တွင်းဈေးနှုန်းတွေ မြင့်တက်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ တိရစ္ဆာန်စာ ထုတ်လုပ်သူများအသင်း PAFMI ကပြောကြားလိုက်တယ်။                          ဂျုံတင်သွင်းဖို့စီစဉ်လျက်ရှိပေမဲ့လည်း တိရစ္ဆာန်စာအတွက် ပြောင်းတင်သွင်းမှု ကို အစားထိုးနိုင်မှာမဟုတ်ကြောင်း အသင်းဥက္ကဌ Norman Santos က ပြောကြားလိုက်တယ်၊ လာမယ့်နှစ်မှာ ပြည်တွင်းပြောင်းရောင်းလိုအားက နောက်ထပ် တင်းကျပ်နိုင်ကြောင်း၊ ပြောင်းစိုက်ပျိုးသူတွေက တိုင်ဖုန်းမုန်တိုင်းပြီးနောက် ပြောင်း စိုက်ပျိုးမှုကို နှောင့်နှေးနိုင်တာကြောင့်ဖြစ်တယ်။                            ပြောင်းတင်သွင်းဖို့ စီမံချက်က၂၀၁၂ခုနှစ် ပထမလေးလပတ်အတွက် စုစုပေါင်း လိုအပ်ချက်ရဲ့ ၁၃ ရာခိုင်နှုန်းသာရှိကြောင်း Norman Santos က ပြောကြားလိုက်ပါတယ်။ တိုင်ဖုန်းမုန်တိုင်းဖြစ်ပေါ်ခဲ့ပြီးနောက် စံသတ်မှတ်ထားတဲ့ ပြည်တွင်း ပြောင်းဈေးနှုန်းက ၂၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့တယ်။ ဖိလစ်ပိုင်က ယခုနှစ်မှာ ပြောင်းမတင်သွင်းခဲ့ပေမဲ့လည်း ဂျုံတန်ချိန် ၁ သန်းနီးပါးကို သြစတြေးလျမှ အဓိက တင်သွင်းခဲ့တယ်။                              ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ တိုင်ဖုန်းမုန်တိုင်းနှစ်ခု ကြုံတွေ့ခဲ့ပြီးနောက် လယ်ယာစိုက်ပျိုးရေးဌာနရဲ့ ပြောင်းသီးနှံပျက်စီးမှု ကနဦးခန့်မှန်းချက်မှာ တန်ချိန် ၃၄၈၃၉ ဒါမှမဟုတ် ပြောင်းထွက်ရှိမှု ရည်မှန်းချက် တန်ချိန် ၁ ဒသမ ၅၅ သန်း အနက် ၂ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊Source: www.brecorder.com