မန္တလေး မြေဈေးကွက်မှာ စက်တင်ဘာလမှစပြီး အရောင်းအဝယ် ပြန်ကောင်းလာခဲ့ရာ မြို့စွန်မြေကွက်များ စတင်အရောင်းအဝယ်ရှိခဲ့ပြီး၊ ယခုလမှာ မြို့တွင်းသို့ ရွေ့လျားအရောင်း အဝယ်ရှိလာကြောင်း အိမ်ခြံမြေအကျိုး ဆောင်များထံမှ သိရပါတယ်။ " မန္တလေး မြေဈေးကွက် အခြေအနေက အရင်နှစ်တွေထက်စာရင် ဈေးလည်းမြောက်၊ အရောင်းအဝယ် လည်းဖြစ်လာတယ်။ မနှစ်ကဆို ငွေဈေး ကမောက်ကမဖြစ်လို့ အရောင်းအဝယ်အေးတယ်။ ဒီနှစ်မှာ အခြေအနေ ပြန် ကောင်းလာတာ။ ဇန်နဝါရီလကနေ ဇူလိုင်လထိ အရောင်းအဝယ် တော်တော်သွက်ခဲ့တာ။ ဇူလိုင်လနောက်ပိုင်း စက်တင်ဘာလအထိ အရောင်းအဝယ် ပြန်အေးသွားခဲ့တာ။ စက်တင်ဘာလ နောက်ဆုံးပတ်ကစပြီး ရွှေဈေး မြင့် တက်တဲ့အရှိန်နဲ့ သီးနှံရောင်းဝယ်သမား တွေ တွက်ခြေမကိုက်လို့ မြေဘက်ရင်း နှီးမြှုပ်နံှမှုများလာတာ။ ဈေးကွက်ပြန်စ တဲ့အချိန်မှာ လက်ငုပ်ဈေးထက် အရောင်းအဝယ်ဖြစ်နေတာ။ ဈေးကွက် ပြန်စချိန်က မြို့စွန်ဘက်က မြေတွေက သိန်းရာဂဏန်းဘဲရှိတော့ အရင်းအနှီး နည်းတာတွေ ဝယ်ယူမှုများတယ်။ " နန" အကွက်ထဲမှာ ဧကကွက် ကျယ်ရှိ ၅ ကွက်၊ ၆ ကွက်လောက် ဝယ်ယူမှုတွေရှိခဲ့တာ။ ဒီလမှာ မြို့ထဲမှာပါ အရောင်း အဝယ်ဖြစ်လာပြီး ၇၃ လမ်းပေါ်မှာ ဝယ်ထားတုန်းက ကျပ်သိန်း ၈၀၀၀ ၊ အခု ကျပ်သိန်း ၁၁၀၀၀ နဲ့ ပြန်ရောင်း တယ်"ဟု ပြောပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွင် ပိုသေချာတဲ့ အမြတ်ရရှိမှုမှာ မြေကွက်များကို ယှဉ်နိုင်ခြင်းမရှိတဲ့အတွက် မြေရင်းနှီးမြှုပ်နံှ မှုပိုလာခဲ့ပါတယ်။ ယခုတစ်နှစ်လုံး အေးနေတဲ့ ရဲမွန်တောင်၊ ထန်းကိုးပင်မြေ ကွက်များပါ အရောင်းအဝယ်ဖြစ်လာပါ တယ်။ မြို့သစ်မြေဈေးမှာ လက်ငုပ်ဈေးထက်မကျဘဲ အရောင်းအဝယ်ဖြစ်လာပါတယ်။ မြေဝယ်ယူသူများမှာ ယခင် နှစ်များလို အခြားမြို့များမှ မြေဈေး ကွက်အတွင်း လာရောက်ဈေးကစား ခြင်းမျိုးမဟုတ်ဘဲ မြို့တွင်းမှ ကုန်သည် များ အခြားအရောင်းအဝယ်ပြုသူများ မှ မြေဈေးကွက်တွင်ပြောင်း၍ ရင်းနှီး မြှုပ်နှံခြင်းများကြောင့် ဈေးသွက်လာ ကြောင်း သိရပါတယ်။ မြို့သစ်မြေကွက်များမှာ လလ၊ ၀၀၊ ပပ၊ နန၊ မမ၊ ဇဇ မြေကွက်များပိုပြီး အရောင်းအဝယ်သွက်ကာ ပေ ၄၀ _ ၆၀တစ်ကွက်ကို အနည်းဆုံး သိန်း ၆၀၀ နဲ့အထက် (လမ်းတင်ကွက်)ရှိပါတယ်။ မြို့တွင်းမြေဈေးမှာ ၇၃ လမ်း၊ အရှေ့ ခြမ်းမျက်နှာပွင့် ၁ ပေကို ကျပ်သိန်း ၁၅၀နဲ့၂၀၀ကြား၊အနောက်ခြမ်းမျက်နှာ ပွင့် ၁ ပေကို ကျပ်သိန်း ၂၀၀ အထက် ဈေးရှိကြောင်းသိရပါတယ်။ ဇူးဇူး
Background