Main menu

Background

ကမ္ဘောဒီးယား ရေလွှမ်းမိုးမှုကြောင့် လူတစ်သန်းခွဲကျော်ထိခိုက်

Wed, 11/09/2011 - 04:06 -- Anonymous (not verified)

                    ကမ္ဘောဒီးယားမှာ ရေလွှမ်းမိုးမှု အကြီး အကျယ်ဖြစ်ပွားခဲ့တဲ့အတွက် လူ ၂၄၇ ဦး သေဆုံးပြီး လူဦးရေ ၁ ဒသမ ၆ သန်း ဒုက္ခ ကြုံတွေ့ခဲ့ရပြီး နိုင်ငံရဲ့ လေးပုံသုံးပုံ ရေလွှမ်း မိုးခံခဲ့ရတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မဲခေါင်မြစ်နဲ့ တခြားမြစ်ကြီးတွေက လွန်ခဲ့တဲ့နှစ်လကျော်အတွင်းက ဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုကြောင့် ဆန်စပါး သီးနှံ ၁၀ ရာ ခိုင်နှုန်းကျော် ပျက်စီးသွားတဲ့အတွက် စားနပ် ရိက္ခာပြတ်လပ်ပြီး ကြွေးမြီထူပြောလာမှာကို စိုးရိမ်နေရပါတယ်။                     ကမ္ဘောဒီးယားရဲ့ လူဦးရေ ၁၄ ဒသမ ၇ သန်းအနက် ၈၀ ရာခိုင်နှုန်းနီးပါးက ကျေးလက်ဒေသ တွေမှာနေထိုင်ပြီး ၇၁ ရာခိုင်နှုန်း က လယ်ယာစိုက်ပျိုးရေးနဲ့ တိရစ္ဆာန်မွေးမြူ ရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေ ရပါတယ်။ ယခုအခါ ရေလွှမ်းမိုးမှုကြောင့် မိသားစု ထောင်ပေါင်းများစွာ ဝင်ငွေမရှိဘဲဖြစ် နေပါတယ်။                        ကုလသမဂ္ဂမှ ထုတ်ပြန်တဲ့ စာရင်းတွေ အရ ကမ္ဘောဒီးယား ကျေးလက်ပြည်သူတွေရဲ့ သုံးပုံတစ်ပုံ ရေလွှမ်းမိုးခံနေတယ်လို့ ဆိုပါတယ်။ Source.trust.org