Main menu

Background

ဗီယက်နမ် ရေလွှမ်းမိုးမှုကြောင့် လူ ၆၉ ဦး သေဆုံး

Wed, 11/09/2011 - 04:07 -- Anonymous (not verified)

                   ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှာ ရေလွှမ်းမိုးမှုကြောင့် နိုဝင်ဘာ ၃ ရက် အထိ လူ ၆၉ ဦးသေဆုံးခဲ့ပါတယ်။ အိမ်တစ်သိန်းခွဲနီးပါးနဲ့ စပါးစိုက်လယ်ကွင်း ၂၂၉၅၅ ဟက်တာရေ လွှမ်းမိုးခံခဲ့ရပါတယ်။ ရေကာတာ အရှည် ၁၅၆၀ ကီလိုမီတာ ကျိုးပျက်ခဲ့ပါတယ်။နိုဝင်ဘာ ၄ ရက်က ထုတ်ပြန်တဲ့ အစိုးရရဲ့ စာရင်း ဇယားတွေအရ သိရပါတယ်။                     သြဂုတ်ကနေ စတင်ဖြစ်ပွားခဲ့တဲ့ မဲခေါင် မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်နယ်များမှာ ရေလွှမ်း မိုးမှုကြောင့် ယခုနှစ်မှာ ဗီယက်နမ်ဒေါင် ၂ ဒသမ ၈၅ ထရီလီယံ (ဒေါ်လာ ၁၃၅ သန်း)ဖိုး ဆုံးရှုံးမှုရှိခဲ့တယ်လို့ နိုဝင်ဘာ ၃ ရက်ကထုတ်ပြန်တဲ့ ရေလွှမ်း မိုးမှုနဲ့ လေမုန်တိုင်းထိန်းချုပ်ရေး ဗဟိုကော်မတီ အစီရင်ခံစာမှာ တွေ့ရပါတယ်။                      မဲခေါင်မြစ်ရဲ့ မြစ်ညာပိုင်းဒေသတွေမှာ ရေကျစပြုလာပြီလို့ မိုးလေဝသနဲ့ ဇလဗေဒကြို တင်ခန့်မှန်းရေးစင်တာက ထုတ်ပြန်ပါတယ်။ Source.philstar.com