ဗန်ကောက်ရထားလမ်း ရေလွှမ်းမိုးမှုကို စိုးရိမ်
နှစ်ပေါင်းငါးဆယ်အတွင်း အဆိုးဆုံးဖြစ်ပြီး ရေကဗန်ကောက်မြို့ထဲပိုင်းကို နိုဝင်ဘာ ၄ ရက်က နီးကပ်စပြုလာပါတယ်။ ဒါကြောင့် ဗန်ကောက်မြေအောက် ရထားလမ်းရဲ့ အချို့အစိတ်အပိုင်းတွေအတွက် စိုးရိမ်မှုများဖြစ်နေပြီး အဓိကဈေးဝယ်ဌာနကြီးများကို ပိတ်ရတော့မလို ဖြစ်နေပါတယ်။ အမှိုက်သရိုက်တွေ၊ တိရစ္ဆာန်အ သေကောင်တွေနဲ့ လူ့အညစ်အကြေးတွေနဲ့ ပြည့်နှက်နေတဲ့ရေတွေက ယခုအခါ မြို့တော်ရဲ့ ၂၁ ရာခိုင်နှုန်းကို ဖုံးလွှမ်းလျက်ရှိပါတယ်။ ဒါကြောင့်လူဦး ရေ ၁၂ သန်းရှိတဲ့ မြို့တော်လူဦးရေကို ရောဂါဘယတွေဖြစ်ပွားမှာ စိုးရိမ်နေရပါတယ်။ ဗန်ကောက်မြို့တော် ဗဟိုအချက်အချာဒေသကို ရေလွတ်ရပါစေ မယ်လို့ အစိုးရကအာမခံထားပေမဲ့ တဖြည်းဖြည်းဝင်လာတဲ့ရေတွေက ယခုအခါမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်းဆွဲဆောင်မှုပေးနေတဲ့နေရာတွေ နဲ့ မိုင်အနည်းငယ်ခန့်သာ ကွာဝေးပါတော့တယ်။ ရေတွေက မြို့တော်ရဲ့မြောက်ဘက်အစွန်းပိုင်းဒေသ လက်ဖရောင်းဒေသ ကိုနိုဝင်ဘာ ၄ ရက်ကရောက်လာပြီး Central Plaza ကုန်တိုက်ကြီးကိုပိတ် ရတော့မယ့် အခြေအနေရောက်နေပါတယ်။ ဗန်ကောက်မြို့ရဲ့ မြေအောက်ရထားဘူတာသုံးခုကိုလည်း ရေလွှမ်းမိုးမဲ့ အခြေအနေရှိနေလို့ အပြင်ဘက်မှရေ စင်တီမီတာ ၄၀ (၁၆ လက်မ)မြင့်တက်လာရင် ပိတ်ထားရမှာဖြစ်ပါတယ်။ (၃ ဒသမ ၅ မီတာအမြင့်ရှိတဲ့ ရေကာတာရှိနေတဲ့) သုဝဏ္ဏဘူမိလေဆိပ်ကို နာရီ မလပ် စောင့်ကြည့်နေရပါတယ်။ Source.AFP.com
