Main menu

Background

ပြည်ပဈေးကွက်သို့ ပြန်လည်ထိုးဖောက်ဝင်ရောက်ကာ သစ်တောပြုန်းတီးမှုအား ကာကွယ်ရာတွင် အထောက်အကူဖြစ်စေမည့် မြန်မာ့အုန်းခွံမီးသွေး

Wed, 11/09/2011 - 04:14 -- Anonymous (not verified)

                      ပင်လယ်ကမ်းရိုးတန်း ရှည်လျားစွာတည်ရှိ တဲ့ မြန်မာနိုင်ငံမှ အုန်းပင်များမှာ သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိတဲ့အပြင် လူတို့ကလည်း စိုက်ပျိုးလျက်ရှိကြရာ အုန်းပင်များကို နေရာအနှံ့ တွေ့ရှိရပါတယ်။ အုန်းပင်များက မိုးများရာဒေသ တွေဖြစ်တဲ့ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ အဓိက ပေါက်ရောက်လျက်ရှိပါတယ်။                           အုန်းပင်မှထွက်ရှိတဲ့ ပစ္စည်းများမှာ လူတို့ အတွက် အသုံးဝင်တဲ့ပစ္စည်းတွေသာ ဖြစ်ပါတယ်။ အုန်းသီး ကို အုန်းထန်းလျက်၊ အုန်းသီးပေါင်မုန့် ပြုလုပ်ရာမှာလည်းကောင်း၊ မုန့်များနဲ့ တွဲဖက်စား သုံးရာမှာလည်းကောင်း၊ အုန်းသီးအသားကို ကြိတ်ပြီး အုန်းဆီပြုလုပ်ရာမှာလည်းကောင်း၊ အုန်းရည် ကို မုန့်များပြုလုပ်ရာမှာ လည်းကောင်း အသုံးပြုလျက်ရှိပါတယ်။ ဒါ့အပြင် အုန်းပင်မှထွက်ရှိတဲ့ ဘေးထွက်ပစ္စည်းတွေဖြစ်တဲ့ အုန်းလက်၊ အုန်းခွံ၊ အုန်းခွံအမာတို့မှာလည်း အသုံးဝင်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ အုန်းလက်ကို တံမြက်စည်းပြုလုပ်ရာ မှာလည်းကောင်း၊ အုန်းခွံကို အုန်းဆံကြိုး၊ ခြေသုတ်ခုံများ ပြုလုပ်ရာမှာ လည်းကောင်း၊ အုန်းခွံ အမာကို ကျေးလက် ဒေသတွေမှာ သောက်ရေခွက် အဖြစ်လည်းကောင်း အသုံးပြုလျက်ရှိပါတယ်။ ယခုအခါ ၎င်းင်းအုန်းခွံအမာကိုလည်း အုန်းခွံ မီးသွေးပြုလုပ်ကာ ထင်းအစားထိုးလောင်စာအဖြစ် သုံးစွဲနိုင်တဲ့အတွက် သစ်တောသစ်ပင်တွေ ပြုန်းတီးမှု မှကာကွယ်နိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။                      မြန်မာနိုင်ငံက ပြည်ပပို့ကုန်ဝင်ငွေရရှိရေး အတွက် နိုင်ငံထုတ်ကုန်အမယ်တွေကို ပြည်ပနိုင်ငံ တွေကို တင်ပို့လျက်ရှိရာ အုန်းခွံမီးသွေးတွေကို ၂၀၀၂-၂၀၀၃ ခုနှစ်တွေမှာ ပြည်ပနိုင်ငံများကို တင်ပို့ခဲ့ကြောင်း သိရှိရပါတယ်။ ၂၀၀၇ ခုနှစ်မှာ အုန်းခွံမီးသွေးကို ပို့ကုန်လိုင်စင်လျှောက်ထားမှုရှိ ခဲ့သော်လည်း အမှန်တင်ပို့နိုင်ခြင်းမရှိခဲ့ရာ ကွယ် ပျောက်နေတဲ့ အမယ်ဖြစ်နေရာမှ ယခုအခါ အုန်းခွံ မီးသွေးကို ကိုရီးယားနိုင်ငံမှ ဝယ်ယူဖို့ ကမ်းလှမ်း လာပြီး မြန်မာနိုင်ငံရှိကုမ္ပဏီတစ်ခုက အုန်းခွံမီး သွေး တန် ၅၀ ကို ကိုရီးယားနိုင်ငံကို ပေးပို့ဖို့ အတွက် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှာ ပို့ကုန်လိုင်စင် လာရောက်လျှောက်ထားပြီး ဖြစ်ပါတယ်။ ၎င်းင်းအုန်းခွံမီးသွေးကို ကိုရီးယားနိုင်ငံရှိ အကင်ဆိုင်တွေမှာ လောင်စာအဖြစ်အသုံးပြုမှာ ဖြစ်ကြောင်းသိရှိရပါတယ်။ အုန်းခွံမီးသွေးနဲ့ အကင် တွေပြုလုပ်ရာမှာ မီးသွေးမှ မီးခိုးထွက်ရှိမှု နည်းပါး ခြင်း၊ မီးခိုးအနံ့ကောင်းမွန်ခြင်းတို့ကြောင့် အခြား မီးသွေးတွေနဲ့ ကင်တဲ့အကင်တွေထက် ပိုမိုပြီး အရသာကောင်းမွန်ကြောင်း လေ့လာသိရှိရပါတယ်။                     အုန်းခွံမီးသွေးကို ရိုးရာဓလေ့အတိုင်း ပီပါခွံ အတွင်း ထည့်သွင်းမီးဖုတ်ပြုလျက်ရှိရာမှ မကြာမီ မီးသွေးပြုလုပ်တဲ့ စက်တွေနဲ့ အသုံးပြုထုတ်လုပ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။ ဒါကြောင့် ပြည်ပဈေးကွက်ကို ပြန်လည်ထိုး ဖောက်ဝင်ရောက်တော့မယ့် တန်ဖိုးမြင့်ထုတ်ကုန် တစ်မျိုးဖြစ်တဲ့ မြန်မာ့အုန်းခွံမီးသွေးကို ဈေးကွက် သစ်တွေတိုးချဲ့ပြီး ပိုမိုတိုးတက်တင်ပို့နိုင်ရေး သတင်းကောင်းတင်ပြလိုက်ပါတယ်။ စန္ဒာထွန်း