Main menu

Background

နိုင်ငံတော်က ဖြေလျော့မှုများလုပ်ပေးနေသလို စီးပွားရေးလုပ်ငန်းရှင်များဖက်ကလည်း ရိုးသားကြရန်လို

Wed, 11/09/2011 - 04:21 -- Anonymous (not verified)

                     သက်ဆိုင်ရာကုမ္ပဏီများအနေနဲ့ မိမိကုမ္ပဏီဝန်ထမ်းအဖြစ် ခန့်အပ်ထားသော ဝန်ထမ်းများရဲ့ ကောင်းကျိုးဆိုးကျိုးအပါအဝင် အားလုံးကို တာဝန်ခံရမှာဖြစ်ပါတယ်။ ယာဉ်တစ်စီးပေါ်မှာ အမှန်တကယ် ခွင့်ပြုချက်ထက် အင်္ကျီအထည် ၆၀၀၀ ကျော် ပိုမိုတင်ဆောင်လာခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အထည် ၂၀-၃၀ ခန့်ဆိုလျှင် ရေတွက်မှုမှားပြီး ပိုလာသည်ဟု သဘောထားနိုင်သော်လည်း ထောင်ကျော် သယ်ဆောင်လာခြင်းဟာ မရိုးမသား ပြုမူခြင်းပင်ဖြစ်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အနှောင့် အယှက်အတားအဆီးများဖြစ်စေတယ်လို့ စက်တင်ဘာ ၂၉ ရက်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန် အစည်းအဝေးခန်းမမှာကျင်းပပြုလုပ်တဲ့ လစဉ်ကုန်သွယ်မှု အစည်းအဝေးမှာ မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။                       နိုင်ငံတော်က အခွန် ၈ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းချပေးသော်လည်း မသမာမှုတွေလုပ်နေသမျှ ကုန်သွယ်မှုမြှင့်တင်ရေး ရှိလာမည်မဟုတ်ကြောင်း၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် Xray machine  နဲ့ ပစ္စည်းများစစ်ဆေးမှုအပိုင်းမှာ ကားစီးရေရဲ့ ၅ ရာခိုင်နှုန်းကို စစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးတဲ့ကားများအား လုပ်ထုံးလုပ်နည်းမညီညွတ်ပါက ပြင်းထန်စွာ အရေးယူသွားရန် အထက်မှ ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ မြေပြင်တွင် ပြဿနာ တစ်စုံတစ်ရာဖြစ်လာပါက တာဝန်ယူမယ့်သူမရှိ ကြောင်း၊ လိုင်စင် လျှောက်တဲ့ကုမ္ပဏီကတစ်ခု၊ ပစ္စည်းတင်တဲ့ဂိတ်က တစ်ဦး၊ အခွန်ပေးဆောင်သူက တစ်ဦး၊ ကုန်ပစ္စည်းပိုင်ဆိုင်သူကတစ်ဦး ဖြစ်နေကြောင်း၊ မသမာတဲ့ ကုမ္ပဏီအချို့၊ ဝန်ထမ်းအချို့၊ လုပ်ငန်း ရှင်အချို့ကြောင့် နိုင်ငံတော်က ဘယ်လိုပဲဖြေလျော့မှုတွေလုပ်လုပ် ထင်သလောက်ဆောင်ရွက်၍ မရနိုင် ကြောင်း စခန်းတာဝန်ခံက ကုန်သည်လုပ်ငန်းရှင်များကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။                    မသမာမှုနဲ့မပတ်သက်ရန်  OSS  ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဝန်ထမ်းများအနေနဲ့ ကုန်သွယ်မှုလုပ် ငန်းများ ဆောင်ရွက်ရာမှာလည်းကောင်း၊ ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်များ စစ်ဆေးရာမှာလည်း ကောင်း မိမိတို့လုပ်ကိုင်ခွင့်ပေါ်မူတည်ပြီး ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ ညစ်ခြင်းများပြုလုပ်ပြီး တရားမဝင် ငွေတောင်းခံမှုပြုလုပ်ပါက ဖြစ်စဉ်တိကျစွာဖော်ပြ၍ ညွှန်ကြားရေးမှူးချုပ်နဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူးတို့ထံ အချိန်နဲ့တစ်ပြေးညီ တိုင်ကြားနိုင်ကြောင်းနဲ့ သက်ဆိုင်ရာ ကုန်သည်ကြီးများအသင်း၊ ကုန်စည်ဒိုင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များမှ ဝိုင်းဝန်းထိန်းသိမ်းပေးရန်လည်း စခန်းတာဝန်ခံက အသိပေးပြောကြားခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။ Source: နကသ (မူဆူဆယ်) MIRT-MAPT