Main menu

Background

အခွန် ၂ ရာခိုင်နှုန်းသာ စည်းကြပ်ပေးရေး မူဆယ် ၁၀၅ မိုင်ဇုန်မှ သစ်သီးဝလံကုန်သည်များက ဆန္ဒရှိ

Wed, 11/09/2011 - 04:27 -- Anonymous (not verified)

                     မြန်မာနိုင်ငံအရပ်ရပ်မှ သစ်သီးမျိုးစုံ (ဖရဲသီး၊ သခွားသီး၊ နာနတ်သီး၊ ဆီးသီး၊ စပျစ်သီး) ကို တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသောလုပ်ငန်းအား လက်ရှိအခြေအနေမှာ တောသူတောင် သားများဟာ ၎င်းင်းတို့ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်ပြီး ကိုယ်တိုင်တက်ရောင်းသူ များကြကြောင်း၊ ကုန်သည်များ သွားဝယ်ပြီး ပြန်ရောင်းချမှုက နည်းကြောင်း၊ အများအားဖြင့် ကျေးလက်နေတောင်သူ များက စိုက်ပျိုးထုတ်လုပ်ပြီး လာရောက်ရောင်းချ တဲ့ အနေအထားဖြစ်တာကြောင့် ကုန်သွယ်ခွန် အား ထပ်မံလျှော့ချပေးစေလိုကြောင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်မှ စက်တင်ဘာလကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ တန်ပိုနဲ့ပက်သက်၍လည်း သစ်သီးရဲ့ သဘာဝအနေအထားအရ စိုက်ပျိုးထုတ်လုပ်သူ များဟာ မြို့ပေါ်ရှိပွဲရုံများကဲ့သို့ ကတ္တားချိန်ပြီး တင်ခြင်းမဟုတ်ဘဲ စိုက်ခင်းမှသယ်ယူရခြင်းဖြစ်တာကြောင့် သတ်မှတ်တန်ချိန်နဲ့ အနည်းအများ ကွာခြားမှု ရှိနိုင်တဲ့အတွက် ၁၀ ရာခိုင်နှုန်းခန့်ထိ ကွာဟမှုကို ခွင့်ပြုပေးနိုင်ရေး ညှိနှိုင်းပေးစေလို ကြောင်း၊ ကုန်သွယ် မှုမြှင့်တင်ရေးအတွက် သစ် သီးများများတင်ပို့နိုင်ရန် စိုက်ပျိုးထုတ်လုပ်သူများ အကျိုးရှိမှ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ သစ်သီး ဖြစ်တဲ့အတွက် အချိန်မကြန့်ကြာဖို့ လိုကြောင်း၊ အချို့ကိစ္စများတွင် ကြန့်ကြာမှုများရှိနေကြောင်း၊ သစ်သီးနဲ့စပ်လျဉ်းပြီး ကိုယ်တိုင်တင် ကိုယ်တိုင်လုပ် ရခြင်းမဟုတ်တာကြောင့် မစစ်ဘဲစေလွှတ်ရန် အာမ မခံနိုင်ပေမဲ့ မသမာမှု အလွန်နည်းပါး ကြောင်း၊ မသမာမှုကို ကားသမားသာ လုပ်ဖို့ရှိပါကြောင်း၊ မသမာမှုရှိနေလျှင် ကုန်သွယ်မှုမြှင့်တင် ရေးကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေနိုင်ပါကြောင်း၊ မသမာမှုအား တိတိကျကျ ပြင်း ပြင်းထန်ထန် အရေးယူသွားပါက ၅ ဦးထက်ပို အရေးယူရန်လိုမည်မဟုတ်ဘဲ ပုံမှန်ကုန်သွယ်လမ်း ကြောင်းပေါ် ရောက်ရှိလာကြမှာဖြစ်ပြီး အားလုံး အတွက် နိုင်ငံတော်အတွက် အကျိုးရှိစေမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ Source: နကသ (မူဆယ်) MIRT(MAPT)