Main menu

Background

ယခုလအတွင်းမှာ စမတ်ဖုန်းသစ်များ တောင်ကိုရီးယားဈေးကွက်ထဲသို့ လှိမ့်ဝင်

Wed, 11/09/2011 - 04:48 -- Anonymous (not verified)

                    iPhone 4S အပါအဝင် စမတ်ဖုန်းသစ်တွေ ယခုလ အတွင်း တောင်ကိုးရီးယားဈေးကွက်ထဲကို စုပြုံဝင် ရောက်လာပါတယ်။ ဒါကြောင့် ကိုရီးယားမှာ စမတ်ဖုန်းဈေးကွက် တိုက်ပွဲ နောက်တစ်ကျော့ဖြစ်လာနိုင်တဲ့ အလား အလာရှိ နေပါတယ်။SK Telecom နဲ့  KT Corp တို့လိုမိုဘိုင်း ကယ်ရီယာတွေက အက်ပဲရဲ့အသစ်လွင်ဆုံးဖြစ်တဲ့ iPhone 4S ကိုပြည်တွင်းဈေးကွက်မှာ ဖြန့်ချိဖို့အသင့် ဖြစ်နေပါပြီ။SKT နဲ့ KT ကုမ္ပဏီ နှစ်ခုစလုံးက အရောင်းမြှင့်တင်ရေး အစီအမံတွေအသင့် ဆောင်ရွက် ထားပြီးနေပြီလို့ လုပ်ငန်းဆိုင်ရာသတင်းရပ်ကွက်မှ သိရပါတယ်။                       iPhone ကို တောင်ကိုရီးယားမှာ ပထမဆုံးဖြန့်ချိ စဉ်က KT  က တစ်ဦးတည်း Service Provider  ဖြစ်ခဲ့ပါ တယ်။ ဒါကြောင့်  SKT  ကို အခကြေးငွေပေးပြီးသုံးနေသူ တွေက iPhoneကို သုံးနိုင်ဖို့အတွက် KT ကို ရွေးချယ် အသုံးပြုခဲ့ကြပါတယ်။ iPhone  အပြင် စမတ်ဖုန်းအဖြစ် အသွင် ပြောင်းထားတဲ့ အယ်လ်ဂျီအီလက်ထရွန်း နစ်ရဲ့ ပရာဒါဖုန်းနဲ့ SKT ရော KT ပါ ဖြန့်ချိနေတဲ့ ဆမ်းဆောင်း အီလက်ထရွန်းနစ်ရဲ့ Galaxy Nexus တို့ကလည်း ယခု လအတွင်းမှာ ဖောက်သည်တွေကို ဆွဲဆောင်နိုင်အောင် အပြိုင်အဆိုင်ကြိုးပမ်းကြတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ကုန်ရင် 36 နဲ့ 46 ကွန်ရက်တွေနဲ့ ဆောင်ရွက်နေတဲ့ စမတ်ဖုန်းသစ် ၁၂ မျိုးကို မိတ်ဆက်ပေးဖို့ စီစဉ်နေတယ်။ ဒီအထဲမှာ Nokia Lumia 710 မိုက်ကရိုဆော့ရဲ့ နောက်ဆုံးမိုဒယ် Windows 7.5 Mango တို့လည်းပါဝင်ပါတယ်။ Source. koreaherald.com.