Main menu

Background

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့က တရုတ်အခပေး တီဗွီဈေးကွက်ကို မျက်စိကျ

Wed, 11/09/2011 - 04:52 -- Anonymous (not verified)

                တရုတ်နိုင်ငံမှာ ချန်နယ်လိုင်းများကို အခပေးအသုံးပြုမှု အရေအတွက်တိုးပွား လျက်ရှိပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ လျင်မြန်စွာတိုးတက်နေတဲ့ အခပေး တီဗွီ ဈေးကွက်ထဲမှာ လုပ်ငန်းဆောင်ရွက်ဖို့အတွက် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားလျက်ရှိပါတယ်။ မီဒီယာပေါ်ထွန်းလာမှုက စားသုံးသူတွေရဲ့ ဝယ်လိုအားကို ပြောင်းလဲမှုဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် ဒီအလားအလာသစ်နဲ့အညီ TV လုပ်ငန်းက ပြုပြင်ပြောင်းလဲမှုတွေရှိဖို့လိုတယ်လို့ လုပ်ငန်းဆိုင်ရာလေ့လာ အကဲခတ်သူ တွေက ပြောပါတယ်။ အာရှကေဘယ်ကြိုးနဲ့ ဂြိုလ်တု အသံလွှင့်လုပ်ငန်းအသင်း (CASBAA) ကကြီးမှူးကျင်းပတဲ့ CASBAA  ကွန်ဗင်းရှင်း နှစ်ပတ်လည်မှာ အခပေး တီဗွီနဲ့ ဗီဒီယို လုပ်ငန်းများ ထိပ်တန်းလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ပါတယ်။                 ကွန်ဗင်းရှင်းမှာ ဆွေးနွေးတဲ့ အကြောင်းအရာတစ်ခုကတော့ တရုတ်နိုင်ငံ အကြောင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အခပေးအသုံးပြုသူ ၁၇၅ သန်းရှိပြီး ကမ္ဘာမှာ အကြီးမားဆုံးဈေးကွက်ကြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ယခုနှစ်အတွက်ရောင်းချမှု ဟာဒေါ်လာ ၇ ဒသမ ၅ ဘီလီယံ ရှိမယ်လို့ ဈေးကွက်သုတေသနအဖွဲ့ SNL Kagan  က ပြောပါတယ်။ ဒီအခြေအနေကိုကြည့်ရင် တရုတ်နိုင်ငံကဝင်ငွေအရ ဂျပန်နိုင်ငံကို ကျော်တက်ပြီး မာလ်တီချန်နယ်လိုင်းဈေးကွက်မှာ အာရှမှာ ပထမနဲ့ ကမ္ဘာမှာ ပဉ္စမ နေရာကို ရောက်လာနိုင်ပါ တယ်။                နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက တရုတ်ဈေးကွက်ကို စိတ်ဝင်စားလာပါတယ်။ စည်းမျဉ်း ဥပဒေတင်းကျပ် မှုတွေရှိနေပေမဲ့ SNL Kagan ကုမ္ပဏီက တရုတ် ဈေးကွက်ထဲကို ဝင်ရောက်ဖို့စိတ်ဝင်စားပါတယ်။ " တရုတ်ဈေးကွက်ထဲမှာ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်တဲ့အခါ အကန့် အသတ်တွေရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ဈေးကွက်ကအကျယ်ကြီးရှိနေပြီး စီးပွားရေး အရလည်း အင်အားတောင့်နေပါတယ်။ လူတွေကချမ်းသာလာပြီး သုံးနိုင်ဖြုန်းနိုင် ရှိနေပါပြီ။ ဒါကြောင့်လည်း နိုင်ငံခြားသားတွေ စိတ်ဝင်စားလာတာဖြစ်တယ်လို့" Liberty Global ဥက္ကဌ ဂရေဟမ်ဟောလစ်က ပြောပါတယ်။ Source. CNA