Main menu

Background

အပိုင်စီးခံရတဲ့ မလေးရှားရေနံတင်သင်္ဘောကိုကယ်တင်

Wed, 11/09/2011 - 04:55 -- Anonymous (not verified)

                 တောင်တရုတ်ပင်လယ်ပြင်မှာ ပင်လယ်ဓားပြတွေရဲ့ အပိုင်စီးတာကိုခံခဲ့ရတဲ့ မလေးရှားရေနံတင် သင်္ဘောနဲ့ ဝမ်းပြားသင်္ဘောကို မလေးရှားရေကြောင်း အာဏာပိုင် အဖွဲ့က ပြန်လည်ကယ်တင်ခဲ့တယ်လို့ အရာရှိ တွေက အောက်တိုဘာ ၃၀ရက်ကပြောပါတယ်။ မလေးရှားရင်းဂစ်တန်ဖိုး ၁၄ သန်း (ဒေါ်လာ ၄ ဒသမ ၆ သန်း) တန်ဖိုးရှိတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကို တင်ဆောင်ထားတဲ့ ရေနံတင် သင်္ဘောကို စင်ကာပူရေလက်ကြားမှာ အောက်တိုဘာ ၂၇ ရက်ကအပိုင်စီးခံခဲ့ရတာ ဖြစ်ပါတယ်။                   သင်္ဘောကိုအဆက်အသွယ်မရတော့ဘူးလို့ သင်္ဘော ကုမ္ပဏီက သတိပေးချက်ထုတ်ပြန်ပြီးတဲ့နောက် မလေးရှား မှတ်ပုံတင်သင်္ဘော MT Nautic Johor Bahru ကို စင်ကာပူနိုင်ငံအရှေ့ဘက်ကမ်းခြေမှာ အောက်တိုဘာ ၂၈ ရက်က အာဏာပိုင်တွေက ခြေရာခံမိကြပါတယ်။ မလေးရှားရေတပ်နဲ့ အင်ဒိုနီးရှားရေတပ်ဖွဲ့တို့က အင်ဒိုနီးရှား ပင်လယ်ပြင်မှာ သင်္ဘောကို ပင်လယ်ဓားပြ တွေ လက်က ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ ပစ္စတိုတွေနဲ့ ဓားရှည် တွေကိုင်ဆောင်ထားတဲ့ ပင်လယ်ဓားပြတွေ လို ယူဆရတဲ့ လက်နက်ကိုင် ၁၀ ယောက်က စပိဘုတ်နဲ့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။                   သင်္ဘောက မလေးရှားကျွန်းဆွယ်ကနေ ဘိုနီယိုကျွန်း စုကို ဦးတည်သွားလာနေတာ ဖြစ်ပြီး သင်္ဘောဝန်ထမ်း ၁၉ ဦးထဲက တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့သူတို့ရဲ့ပစ္စည်းတွေကို အခိုးခံခဲ့ရပါတယ်။ တစ်ချိန် တည်းမှာ အာဏာပိုင်တွေက သင်္ဘောသားနှစ်ဦးနဲ့ ရင်းဂစ် ရှစ်သန်းဖိုး စားအုန်းဆီတွေ တင်ဆောင်ထားတဲ့ ဝမ်းပြား သင်္ဘောတစ်စီးကို မလေးရှားအာဏာပိုင်တွေက မလေးရှား နိုင်ငံတောင်ဘက်ကမ်းလွန်မှာ အောက်တိုဘာ ၂၇ ရက်ကကယ်တင်ခဲ့တယ်လို့ ပင်လယ်ရေကြောင်းဥပဒေ စိုးမိုးရေး အေဂျင်စီ ဒေသဆိုင်ရာတပ်မှူး ဇူကီဖလီအဘူ ဘာကာက ပြောပါတယ်။                   ဝမ်းပြားသင်္ဘောကဘော်နီယိုကနေ မလေးရှား ကျွန်းဆွယ်ကို သွားနေစဉ် အောက်တိုဘာ ၂၆ ရက်က အင်ဒို နီးရှား ပင်လယ်ပြင်မှာ အပိုင်စီးခံခဲ့ရတာဖြစ်ပါတယ်။ Source. AFP