Main menu

Background

ဖိလစ်ပိုင်လုပ်သားများ သွားရောက်လုပ်ကိုင်ခြင်းမပြုရန် ၄၁ နိုင်ငံသတ်မှတ်

Wed, 11/09/2011 - 04:57 -- Anonymous (not verified)

                         မတော်မတရားပြုကျင့်ခံရခြင်းမှ လုံလောက်အောင် ကာကွယ်မပေးနိုင်ဟု နာမည်ထွက်နေတဲ့နိုင်ငံ ၄၁ နိုင်ငံ ကိုသွားရောက်ပြီး အလုပ်မလုပ်ဖို့ ဖိလစ်ပိုင်အလုပ်သမားများ ကို ပိတ်ပင်ထားကြောင်း ဖိလစ်ပိုင်အစိုးရက နိုဝင်ဘာ ၂ ရက်က ကြေညာပါတယ်။ အမည်ဆိုးစာရင်းသွင်းထား တဲ့ နိုင်ငံတွေက နိုင်ငံခြားလုပ်သားတွေကို ကာကွယ်မှု ပေးတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းသဘောတူစာချုပ် ကို လက်မှတ်ရေးထိုးခြင်းမရှိကြောင်း ဝန်ကြီးဌာနက တင် ထားတဲ့ ဝက်ဘ်ဆိုက်မှာ အလုပ်သမားနဲ့ အလုပ်အကိုင် နေရာချထားရေး ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ ဒီနိုင်ငံတွေက ပင်လယ်ရပ်ခြားဖိလစ်ပိုင်လုပ်သားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်မှုပေးဖို့ နှစ်နိုင်ငံသဘောတူ စာချုပ် ရေးထိုးထားခြင်း မရှိပါဘူးလို့ ဆိုပါတယ်။                     ဒီနိုင်ငံတွေရဲ့ ဥပဒေတွေမှာလည်း နိုင်ငံခြား လုပ်သား တွေကို အကာအကွယ်ပေးတဲ့ ပြဌာန်းချက်တွေမရှိ ပါဘူးလို့ ကြေညာချက်မှာဖော်ပြထား ပါတယ်။ ဒီစာရင်း ထဲမှာ အာဖဂန်နစ္စတန်၊ လစ်ဗျား၊ အီရတ်၊ ဆူဒန်၊ ချတ်နဲ့ ပါကစ္စတန်နိုင်ငံတွေ ပါဝင်ပါတယ်။                     ဖိလစ်ပိုင်နိုင်ငံမှာ ပင်လယ်ရပ်ခြားလုပ်သား ကိုးသန်း ရှိပြီး နိုင်ငံလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းရှိတယ်လို့ တရားဝင် ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။ အနောက်နိုင်ငံ တွေမှာ အဆင့်မြင့်တာဝန်ထမ်းဆောင်နေတဲ့ ဖိလစ်ပိုင် တွေရှိပေမဲ့ သူတို့ထဲက အများစုကအိမ်ဖော်တွေ၊ အလုပ် ကြမ်း သမားတွေနဲ့ သင်္ဘောသားတွေ ဖြစ်ပါတယ်။ Source. AFP