Main menu

Background

ခရီးဝေးတန်ဖိုးနည်း လေယာဉ်ခရီးစဉ်ကို စင်ကာပူအဲလိုင်းက ဆောင်ရွက်မည်

Wed, 11/09/2011 - 05:01 -- Anonymous (not verified)

                  Scoot လို့ အမည်ပေးထားတဲ့ ခရီးဝေးတန်ဖိုးနည်း လေယာဉ် ခရီးစဉ်ကို တရားဝင်စတင်မယ်လို့ စင်ကာပူ လေကြောင်းလိုင်းက နိုဝင်ဘာ ၁ ရက်က ကြေညာပါတယ်။ လုပ်ငန်းသစ်ကို စင်ကာပူလေကြောင်း လိုင်းကသာ ပိုင်ဆိုင်ပြီး သူ့ရဲ့မိခင်ကုမ္ပဏီဆီကဝယ်ယူထားတဲ့ ဘိုရင်း B 777-200 လေယာဉ်တွေကို အသုံးပြုပြီး ၂၀၁၂ ခုနှစ်နှစ်လယ်က ခရီးစဉ်တွေ စတင်ပြေးဆွဲမယ်လို့ ပြောပါတယ်။ ပထမနှစ်အတွက် သတ်မှတ်ထားတဲ့ ခရီးစဉ်တွေက သြစတြေးလျ၊ တရုတ်နဲ့ အခြားနေရာတွေ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ လေယာဉ် ၁၄ စီးအထိတိုးချဲ့သွားမယ်လို့ ကုမ္ပဏီကပြောပါတယ်။                 လက်ရှိအချိန်မှာ အာရှဒေသတန်ဖိုးနည်းလေယာဉ်ခရီးစဉ်တွေက ခရီးတိုတွေသာဖြစ်ပါတယ်။ မြို့ပြလေ ကြောင်းလုပ်ငန်းမှာ ထိပ်ဆုံး စာရင်းထဲမှာပါဝင်နေတဲ့ စင်ကာပူလေကြောင်းလိုင်းက တိုက်ဂါး အဲဝေး ဦးပိုင် ကုမ္ပဏီမှာ ရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီလေကြောင်း လိုင်းက SilkAir လေကြောင်းလိုင်းလည်း ဆောင်ရွက်လျက် ရှိပါတယ်။ Source. xinhua