Main menu

Background

အိန္ဒိယတွင် စီးကရက်နှင့် ဒီဇယ်ကားအတွက် အခွန်ထပ်ကောက်မည်

Wed, 11/09/2011 - 05:09 -- Anonymous (not verified)

               စီးကရက်နဲ့ဒီဇယ်ကားများကို အခွန်ထပ်မံ ကောက်ခံနိုင်မဲ့ စီမံကိန်းတွေကို အိန္ဒိယဘဏ္ဍာရေး ဝန်ကြီးဌာနလေ့လာနေပါတယ်။ ဒီလိုကောက်ခံနိုင် မယ်ဆိုရင် ငွေကြေးဖောင်းပွတာကို မထိန်းချုပ်ဘဲ သို့မဟုတ် စီးပွားရေးဖွံဖြိုးမှုကို မထိခိုက်စေဘဲ လိုအပ်နေတဲ့ အခွန်ဘဏ္ဍာကို တိုးတက်ရရှိနိုင် မယ်လို့ တချို့အရာရှိတွေက ရှုမြင်ပါတယ်။ ဒီစီမံကိန်းအရ ဝန်ဆောင်မှုခွန်ကိုလည်း တိုးမြှင့်ဖို့ အစီ အစဉ်ရှိပါတယ်။ ဒီစီမံကိန်းရဲ့ ရည်ရွယ်ချက်က ဘတ်ဂျက်သုံးငွေ ကျဆင်းနေချိန်မှာ ငွေကြေး အကျပ်အတည်း တွေ့နေတဲ့အစိုးရကို အကူအညီ ပေးဖို့ဖြစ်တယ်လို့ ဒီအဆိုပြုချက်နဲ့ နီးစပ်တဲ့ အရာရှိနှစ်ဦးက ပြောပါတယ်။                   ဒီဇယ်ကားတွေနဲ့ စီးကရက်တွေကို အခွန် တိုးကောက်တာ အပါအဝင်အစီအစဉ်အမျိုးမျိုးကို စီစဉ်ဆောင်ရွက်နေပါတယ်လို့ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောပါတယ်။ အောက်တိုဘာလအတွက် သွယ်ဝိုက်ခွန် ကောက်ခံမှုစာရင်းဇယားများကို လေ့လာသုံးသပ်ပြီးရင် ဒီအကောက်အခွန်တွေနဲ့ ပတ်သက်တဲ့ ဆုံး ဖြတ်ချက်ကို ဘဏ္ဍာရေးဝန်ကြီး ပရာနပ်မူကာဂျီ က ချမှတ်မှာဖြစ်ပါတယ်။ ယစ်မျိုးနဲ့ဝန်ဆောင်မှု ခွန်တိုးမြှင့်ရေး ကိစ္စကို အောက်တိုဘာ ၁၅ ရက်က ဝန်ကြီးချုပ်မန်မိုဟန်ဆင်းနဲ့ စီးပွားရေးပညာရှင်တွေ တွေ့ဆုံစဉ်က ချမှတ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ယစ်မျိုးခွန်က စက်တင်ဘာမှာ ၁၆ လအတွင်း ပထမဆုံးအကြိမ်အဖြစ်ကျဆင်းခဲ့သလို အကောက်ခွန်ရငွေ တိုးတက်မှု မရှိတဲ့အတွက် အစိုးရက လျာထားတဲ့ သွယ်ဝိုက်ခွန် ရူပီးကုဋေ ၄ ဒသမ ၄သိန်း ရရှိရေးအတွက် စိုးရိမ်စရာဖြစ်စေခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်အောင် ဒီဇယ်ဈေးနှုန်းတွေတိုးမြှင့်ဖို့ အစိုးရကဝန်လေးနေပါတယ်။ ဓာတ်ဆီဈေးနှုန်းတွေ တက်နေတဲ့အတွက် ဒီဇယ်ကားတွေကို အခွန်တိုးကောက်တဲ့ ကိစ္စကို ၂ လ ၃ လ စောင့်ကြည့်ဦးမှာ ဖြစ်ပါတယ်။ ဒီဇယ် ဈေးနှုန်းတွေကို တိုးမြှင့်လို့မရတဲ့အတွက် အစိုးရက ဒီဇယ်ကားတွေအပေါ် အခွန်တိုးကောက်ဖို့ စဉ်းစား ခဲ့တာဖြစ်ပါတယ်။ ဉာဏ်တင်၊Source. economictimes.indiatimes.com