Main menu

Background

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းအတွင်းရှိ မြို့နယ်များတွင် ရိတ်သိမ်းချိန်လွန် နည်းပညာများ ကွင်းဆင်းဆွေးနွေး

Wed, 11/09/2011 - 05:12 -- Anonymous (not verified)

                      မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး၊ ပဲခူးတိုင်း ဒေသကြီး တိုင်းရုံး၊ ပြည်မြို့တွင် ၂၀၁၁-၂၀၁၂ မိုးစပါးရာသီအမီ ရိတ်သိမ်းချိန်လွန်နည်းပညာ အသုံးချရက်တိုသင်တန်းကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၂ ရက်ထိဖွင့်လှစ်ခဲ့ရာ ခရိုင်နှင့်မြို့နယ် မန်နေဂျာများ၊ TPISတာဝန်ခံများနဲ့ တိုင်းရုံးဝန်ထမ်းများအပါအဝင် သင်တန်းသား ၅၅ ဦး တက်ရောက်ခဲ့ပါတယ်။                   သင်တန်းမှာ ရိတ်သိမ်းချိန်လွန်နည်းပညာများ ရှင်းလင်းဆွေး နွေးရန်၊ စပါးရိတ်သိမ်းရာတွင် ရင့်မှည့်ချိန်အမီ (မောင်းညိုချိန်) ရိတ် သိမ်းရေးစည်းရုံးဆောင်ရွက်ရန်၊ ရိတ်သိမ်းပြီးနောက် တလင်းပျောက် စနစ်ကျင့်သုံး၍ အမြန် ခြွေလှေ့နိုင်ရေး တိုက်တွန်းဆောင်ရွက်ရန်၊ ရိတ်သိမ်းပြီး ကောက်လှိုင်းများ ကန်သင်းပေါ်ပုံထားခြင်းကြောင့် သီးနှံရဲ့ အရည်အသွေးနဲ့ အရေအတွက်အရ လေလွင့်ဆုံးရှုံးနိုင်မှု များကို လက်ကမ်းစာစောင်များဖြင့် ရှင်းလင်းဆွေးနွေးရန်၊ ခြွေလှေ့ပြီး သီးနှံများ အရည်အသွေးမကျဆင်းရေးအတွက် စနစ်တကျ အခြောက် ခံပြုပြင်ခြင်းလုပ်ငန်းအဆင့်များ ရှင်းလင်းဆွေးနွေးရန်၊ စိုက်ပျိုးထွက် ရှိလာတဲ့ သီးနှံများ စားသုံးသူလက်ဝယ်ရောက်သည်အထိ အရည် အသွေးမကျ ဆင်းရေး၊ လေလွင့်ဆုံးရှုံးမှု မရှိစေရေး ဆောင်ရွက်ရန် အချက်များ ရှင်းလင်းဆွေးနွေးရန်၊ ရိုးရာသိုလှောင်မှုနဲ့ ခေတ်မီသို လှောင်မှုနည်းစနစ်များ ရှင်းလင်းဆွေးနွေးရန် စတဲ့အချက်များကို အသေးစိတ် ဆွေးနွေးပို့ချခဲ့ကြောင်း သိရပါတယ်။                 ယခုအခါ သင်တန်းတက်ရောက်ခဲ့တဲ့ လယ်ယာထွက်ကုန်ဝန် ထမ်းများမှ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) အတွင်းရှိ မြို့နယ် ကျေးရွာအုပ်စု အသီးသီးသို့ ၂၀၁၁-၂၀၁၂ မိုးစပါးများရိတ်သိမ်းပြီး ချိန်မတိုင်မီနဲ့ ပဲမျိုးစုံသီးနှံများ စိုက်ပျိုးချိန်မတိုင်မီ ရိတ်သိမ်းချိန် လွန်နည်းပညာများ ရှင်းလင်းဆွေးနွေးရန် စီမံချက်များ ရေးဆွဲပြီး၊ အောက်တိုဘာလ ဒုတိယပတ်မှစ၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိ ကြောင်းသိရပါတယ်။ TPIS -ပြည်