Main menu

Background

တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသည့် ယာဉ်တင်သွင်းခွင့် အကျိုးဆောင်များ၏ စီးပွားရေးကြော်ငြာများကို ဖော်ပြခြင်းသည် တည်ဆဲဥပဒေကို ချိုးဖောက်

Wed, 11/09/2011 - 07:07 -- Anonymous (not verified)

                 တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့်ယာဉ်တင်သွင်းခွင့်အကျိုးဆောင် လုပ်ငန်းအချို့သည် ယာဉ်ဝယ်ယူရန် ကြိုပွိုင့်အဖြစ်ပေးချေထားသည့်ငွေများကို လိမ်လည်ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း ယာဉ်ဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက အောက်တိုဘာ ၂၆ ရက်တွင် ပြော ကြားသည်။                  ယာဉ်တစ်စီးလျှင် ကျပ်သိန်းတစ်ရာနှုန်းဖြင့် ကြိုပွိုင့်ယူထားပြီး ထွက်ပြေး သွားသည့်အကျိုးဆောင် အဖွဲ့လေးဖွဲ့ရှိကြောင်း၊ လိမ်လည်ယူသွားသည့်ယာဉ်စီးရေ ၁၈၀ စီးခန့်ရှိပြီး ငွေကြေးအား ဖြင့် ကျပ်သိန်းတစ်သောင်း ရှစ်ထောင် ခန့်ရှိကာ ရက်သတ္တပတ်နှစ်ပတ်ခန့်ကြာ မြင့်ပြီဖြစ်ကြောင်း ၎င်းင်းကပြောကြား သည်။                        (The Voice Weekly ရဲ့ Monday October 31-November 6- 2011) ရက်နေ့ထုတ် အချပ်ပိုစာမျက် နှာ 1V ပါ " ကားသွင်းပေးသောလုပ်ငန်း အချို့လိမ်လည်" ဆိုသည့်ခေါင်းစဉ်ဖြင့် သတင်းတစ်ပိုင်းတစ်စကို ဖတ်ရသော အခါ ကျွန်တော့်စိတ်ထဲတွင် " ကားသစ် တောင်မမြင်ရသေးဘူး၊ ဇာတ်လမ်းက စပြီ" ဟုကောက်ချက်ချမိသည်။ ယခုအခါ ပုံနှိပ်မီဒီယာများဖြစ်သော အပတ်စဉ်ဂျာနယ်များတွင် ကားတင်သွင်းပေးမည့် ဝန်ဆောင်မှုကုမ္ပဏီ များသည် မော်တော်ကား ဓါတ်ပုံများကို ဖော်ပြပြီး ကားတင်သွင်းခွင့်ခွင့်ပြုမိန့် (ပါမစ်)ရရှိသူများကို ၎င်းတို့ကုမ္ပဏီများ က တာဝန်ခံကား တင်သွင်းပေးမည်ဖြစ် ကြောင်း ကြော်ငြာလျက်ရှိသည်ကို တွေ့ရသည်။                     ၃၀-၁၀-၂၀၁၁ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်ပါသတင်း အချက်အလက်အရ " ကားပါမစ်ရှိရုံဖြင့် ကားတစ်စီးတင်သွင်းပေးမည်" ''Customerများ၏ ဝယ်ယူအားပေးမှုကို အမြဲ ဦးထိပ်ပန်ဆင်လျက် " ဆိုသည့် ဆွဲဆောင်မှုများကို ယုံကြည်ရန် ခက်ခဲ ခဲ့ပြီဖြစ်သည်။                         ကျွန်တော်သည်လည်း နှစ် (၂၀) (၃၀)(၄၀) ဆိုသည့်သတ်မှတ်ချက်နှင့် အကျုံးဝင်သော ယာဉ်အိုယာဉ်ဟောင်း တစ်စီး လက်ဝယ်ပိုင်ဆိုင်ထားသည်ဖြစ်ရာ မျှော်လင့်ချက်အလင်းရောင်တချို့ တစ်ဝက်တောက်ပ လျက်ရှိသည်။ ယာဉ် အိုယာဉ်ဟောင်းများ လဲလှယ်ပေးမည့် အစီအစဉ်ကို နိုင်ငံတော်က မကြေညာ မီကကျွန်တော်သည် ကိုယ်ပိုင်ကားစုတ် ကလေးနှင့်ပတ်သက်ပြီး အလွန်ပင်ဦးနှောက်ခြောက်ခဲ့ရပါသည်။ ယာဉ်ကအို ဟောင်းနေပြီဖြစ်သဖြင့် ခရီးဝေးသွား ရန်မပြောနှင့် လမ်းပေါ်ပင်ရဲရဲတက်မ မောင်းဝံ့၊လမ်းပေါ်တက်ပြန်တော့လည်း သတိထားမောင်းရ၊ အလုပ်ရုံထိုးပြီးပြင်ဆင်ရမည်ဆိုတော့လဲ ဆေး၊ ဘော်ဒီ ပတ်ကားလုပ်မည်ဆိုလျှင် ကိုးသိန်းခန့် ကုန်မည်ဖြစ်သဖြင့် မိမိ၏လတ်တလော အခြေအနေအရမဖြစ်နိုင်။ သို့ဖြစ်ရာ အဖက်ဖက်မှ လက်မှိုင်ချထားရသော ကားအိုကလေးက နိုင်ငံတော်အစိုးရ၏ စေတနာဖြင့် မျှော်လင့်ချက်ရောင်နီသမ်း ခဲ့ရသည်။ နိုင်ငံတော်အစိုးရ၏ စေတ နာကြောင့် ရောင်နီသမ်းခဲ့ရသော မော်တော်ကားနှင့်ပတ်သက်သည့် မျှော်လင့် ချက်သည် ဝိသမလောဘသား တချို့ ၏ စဉ်းလဲကောက်ကျစ်မှုများကြောင့် စိုးရိမ်ပူပန်မှုများဖြစ်ခဲ့ရပြန်သည်။                     သို့ဖြင့်ကျွန်တော်က ယာဉ်အို ယာဉ်ဟောင်းအပ်နှံကာ သတ်မှတ်စံနှုန်း များနှင့်အညီ ကားသစ်တစ်စီး တင်သွင်း ခွင့်ဆိုင်ရာ သတင်းများကို လေ့လာခဲ့ မိပါသည်။                         ကားသစ်ပါမစ်ရသူအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူ များက မီဒီယာများမှအချိန်နှင့် တစ်ပြေး ညီသတင်းထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ ရသည်။ စက်တင်ဘာလ ၁၆ ရက်နေ့ ထုတ်မော်ဒန်သတင်းဂျာနယ်တွင် ပါရှိသော " ကားသစ်ပါမစ်ရသူ အရောင်းပြခန်းမှာလဲ ဝယ်ယူနိုင်ဖို့စီစဉ်" ဆိုသည့် သတင်းခေါင်းစဉ်တွင် ဖော်ပြသော သတင်းအချက်အလက်များတွင် " ကားအဟောင်းအစား ကားသစ်ဝယ် ယူခွင့် ပါမစ်ရသူတွေ ပြည်တွင်းမှာတင် နိုင်ငံ ခြားကားမျိုးစုံဝယ်ယူနိုင်အောင် ယာဉ်အရောင်းပြခန်းဖွင့်ပြီး ရောင်းချပေးဖို့ ရှိကြောင်း သိရတယ်။ ကားဝယ်ယူခွင့် ပါမစ်ရပြီး နိုင်ငံခြားက ကားဝယ်ယူတင် သွင်းဖို့ မလုပ်တတ်သူတွေ၊ ရုံး မသွား ချင်သူတွေအတွက် နိုင်ငံခြားကား ထုတ် လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး မြန်မာနိုင်ငံထဲမှာတင် ကားဝယ်ယူနိုင် အောင် ယာဉ်အရောင်းပြခန်းဖွင့်လှစ် ရောင်းချနိုင်ရေး ခွင့်ပြုပေးထားတာဖြစ်တယ်လို့ စက်တင်ဘာလ ၁၁ ရက်နေ့ ပြည်ထောင်စုဝန်ကြီးတချို့နဲ့ တွေ့ဆုံ ပွဲမှာ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ ကသိရပါတယ်။ သူက " ကားဝယ်ယူခွင့် ပါမစ်ရပြီး မလုပ်တတ်သူတွေက ကား လုပ်တဲ့ကုမ္ပဏီတွေ၊ အကျိုးဆောင်လုပ် ငန်းတွေထံအပ်မယ်၊ အဲဒီမှာ လက်ဝါး ကြီးအုပ်လိုက်ရင် ကားဝယ်ယူခွင့်ပါမစ် ရသူတွေ ဒုက္ခရောက်မယ်။ အဲဒီကိစ္စမျိုး တွေပျောက်အောင် ယာဉ်အရောင်းပြ ခန်းဖွင့်ရောင်းပေးမယ်" လို့ပြောပါတယ်                    ဟုသတင်းတွင် ဖော်ပြထားရာ သက် ဆိုင်ရာတာဝန်ရှိသူများက မော်တော် ကားတင်သွင်းခွင့်ရရှိသူ ယာဉ်အိုယာဉ် ဟောင်းပိုင်ရှင်များ၏ အခွင့်အရေးမဆုံး ရှုံးစေရန် ကြိုတင်မျှော်တွေးကာ အချိန် နှင့်တစ်ပြေးညီသတင်း ထုတ်ပြန်ပေးခဲ့သည် ကို တွေ့ရှိရသည်။                    သို့ဖြစ်၍ ကျွန်တော်တို့သည် သတင်းအချက်အလက်များကို အမြဲမ ပြတ်လေ့လာနေရမည်ဖြစ်သည်။ ရုပ်မြင်သံကြားအစီအစဉ်တွင် သတင်း လွှင့်ချိန်ရောက်လျှင် ရုပ်သံပြစက်ကို ပိတ်ထားတာမျိုး၊ ဂျာနယ်စာမျက်နှာ တွင် ရုပ်ရှင်မင်းသား/မင်းသမီးသတင်း၊ အဆိုတော်/မော်ဒယ်သတင်းကလွဲပြီး ကျန်သည့်သတင်းကျော်လွှားကာဖတ် သည့်အလေ့ များကို ပယ်ဖျောက်ချိန် တန်ပြီဖြစ်သည်။                      ကားတင်သွင်းခြင်းနှင့်ပတ်သက် ၍ ကားတင်သွင်းခွင့်ပါမစ်ရရှိထားသူ များအတွက် တန်ဖိုးရှိသတင်းတစ်ပုဒ် ကို လည်း အောက်တိုဘာလ ၂၈ ရက်နေ့ ထုတ်မော်ဒန်သတင်းဂျာနယ် စာမျက် နှာ ၆ ပြည်တွင်း သတင်းကဏ္ဍတွင် "တရားဝင်အကျိုးဆောင်ကုမ္ပဏီ နဲ့ကား ဝယ်ဖို့လို" ဆိုသည့် ခေါင်းစဉ်ဖြင့် " ကားဟောင်း အပ်ပြီး ကားတင်သွင်းခွင့် ရထားသူတွေ ငွေကြေးအလိမ်မခံရဖို့၊ ဆုံးရှုံးမှုမရှိဖို့ ဥပဒေလုပ်ထုံးလုပ်နည်း တွေနဲ့အညီ တရားဝင်အကျိုးဆောင် ကုမ္ပဏီတွေ ကားအရောင်းပြခန်းဖွင့်လှစ် ရောင်းချသည်အထိ အချိန်နည်းနည်း စောင့်သင့်တယ်လို့ အချို့ကအကြံပြု တယ်။ လုပ်ငန်းမကျွမ်းကျင်မှုကြောင့် အကျိုးဆောင်ကုမ္ပဏီထံအပ်တဲ့အခါ လိမ်လည်ခံ ရတာ၊ အကျိုးဆောင်ခ ကျပ် ၁၀ သိန်းကနေ သိန်း ၅၀ အထိ အဆမတန်ပေးရတာမျိုးတွေနဲ့ ကြုံတွေ့ နေရကြောင်း ကားဟောင်းပိုင်ရှင်အချို့ ကပြောပါတယ်။                       " တရားဝင်အကျိုးဆောင်ကုမ္ပဏီ ဆိုတာက နိုင်ငံခြားကားကုမ္ပဏီကနေ တရားဝင် လုပ်ပိုင်ခွင့်ပေးအပ်ခံထားရသူ မျိုးဖြစ်တယ်။ လုပ်ပိုင်ခွင့်ရကုမ္ပဏီမှာ ဝယ်သူက အပြီးသတ်ဈေးဆစ်လို့ရတယ်။ ဈေးနှုန်းအတည်ပြုလို့ရတယ်။ ကြိုက်ရာကားရွေးချယ်နိုင်တယ်။ ငွေကိုလဲ တစ်ခါတည်းပေးချေနိုင်ပြီး အရောင်းအ ဝယ်စာချုပ်အပြီးသတ်ချုပ်ဆိုနိုင်တဲ့ အခွင့်အရေးသာတယ်။ တရားဝင်အကျိုး ဆောင်ကုမ္ပဏီတွေ ကားအရောင်းပြခန်း ဖွင့်ခွင့်ရတာနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကားသစ်ဝယ်ယူနိုင်ရေး အခက်အခဲပြေ လည်နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သိရတယ်။ လက်ရှိကားတင်သွင်းပေးနေတဲ့ အကျိုးဆောင်ကုမ္ပဏီအချို့က စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ် နည်းတွေနဲ့ တစ်ထပ်တည်းမဖြစ်ဘူး လို့ဆိုပါတယ်။ တရားဝင်လုပ်မယ်ဆိုရင် ဥပမာ နိုင်ငံခြားကားကုမ္ပဏီထံကနေ မြန်မာနိုင်ငံမှာ ကားရောင်းချတာနဲ့ ပတ်သက်လို့ အကျိုးဆောင်ချင်တယ် ဆိုရင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှာ စီးပွားရေးအကျိုး ဆောင် မှတ်ပုံတင်လျှောက်ထားခွင့်ပြု နေတယ်လို့ သိရတယ်"။                          " ရင်းနှီးမြှုပ်နှံမှုဦးစီးဌာနမှာ လုပ် ငန်းဆောင်ရွက်မယ့် ကုမ္ပဏီက အကျိုး ဆောင်ကုမ္ပဏီအဖြစ် မှတ်ပုံတင်ရရှိပြီး ကုမ္ပဏီကပဲ စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လျှောက်ထားခွင့်ရှိပါတယ်။ နိုင်ငံခြားကုမ္ပဏီက ကားတွေကို မြန်မာ နိုင်ငံအတွင်း ရောင်းချခွင့်ပေးဖို့ တရား ဝင်အကျိုးဆောင်လွှဲအပ်ခံရသူဖြစ်ရ မယ်။ တရားဝင် အကျိုး ဆောင်ဖြစ်ပြီဆို တာနဲ့ နိုင်ငံခြားကုမ္ပဏီကိုယ်စားမြန်မာ ကကားဝယ်မယ့်သူတွေကို တရားဝင် ရောင်းချပေးတာမျိုးသာ ဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့ အညီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရတယ်"။                        " လက်ရှိအကျိုးဆောင်ကုမ္ပဏီနဲ့ ဝယ်သူအကြားပြဿနာက မြန်မာနိုင်ငံ ရှိ တည်ဆဲဥပဒေအရပဲ သူတို့မှာ အပြန်အလှန်တာဝန်ရှိမှာဖြစ်တယ်။ ရှေ့ ဆက်ပြီး ဌာနကတရားဝင်ရှိတဲ့ လုပ်ထုံး လုပ်နည်းနဲ့ဆောင်ရွက်မယ့် ကုမ္ပဏီဆို ရင် ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်း တွေကို လိုက်နာဆောင်ရွက်စေမှာဖြစ် တယ်လို့ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန ပို့ကုန်သွင်းကုန်မူဝါဒနှင့် ဥပဒေ လုပ်ငန်းများဆိုင်ရာ စိစစ်ဆောင်ရွက် ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်း အောင်က ပြောပါတယ်" ဟု ဖော်ပြ ထားသည်ကို ဖတ်ရှုရပါသည်။                         ယာဉ်ဟောင်းအပ်နှံပြီး ကားတင် သွင်းခွင့်ခွင့်ပြုမိန့် (ပါမစ်) ရရှိသူများအ တွက် မဖြစ်မနေသိသင့်သိ ထိုက်သော အချက်အလက်များဖြစ်ပါသည်။ တစ်ဆက်တည်းမှာပင် ကားအ ရောင်းစင်တာဖွင့်လှစ်ရန်အတွက် လျှောက်လွှာ နှင့် အတူ တင်ပြရမည့်အ ချက်များကိုလည်း လေ့လာတွေ့ရှိရသ ဖြင့် ဖော်ပြအပ်ပါသည်- ၁။ ကုမ္ပဏီ Letter Head ပါအရောင်းစင်တာဖွင့်လှစ်ခွင့်တင် ပြသည့်လျှောက်လွှာ။၂။ ဝန်ဆောင်မှုကုမ္ပဏီမှတ်ပုံတင် မိတ္တူ။၃။ စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်မိတ္တူ။၄။ အရောင်းစင်တာတည်နေရာ နှင့် အကျယ်အဝန်း(ဓာတ်ပုံ ပူးတွဲ တင်ပြရမည်)။၅။ မော်တော်ကားသိုလှောင်ထား မည့် တည်နေရာနှင့် အကျယ်အဝန်း (ဓာတ်ပုံပူးတွဲတင်ပြ ရမည်)။၆။ ကုမ္ပဏီ၏ နိုင်ငံခြားငွေစာရင်း အမှတ်နှင့် နိုင်ငံခြားငွေပမာဏ၊ ဘဏ်စာအုပ်မိတ္တူ။၇။ ကုမ္ပဏီ၏ မြန်မာငွေစာရင်းအမှတ်နှင့် မြန်မာကျပ်ငွေပမာ ဏ၊ ဘဏ်စာအုပ်မိတ္တူတို့ဖြစ်ပါသည်။               တင်ပြရမည့်အချက် (၇) ချက်ရှိ ပြီး အမှတ်စဉ် (၂) အချက်ဖြစ်သော ဝန်ဆောင်မှုကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ် ငန်းကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတွင် ဆောင်ရွက်ရမည်ဖြစ်ပြီး အမှတ်စဉ် (၃)အချက် ဖြစ်သော စီးပွားရေးအကျိုးဆောင်မှတ် ပုံတင်ခြင်းကိစ္စရပ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။                    သို့ဖြစ်၍ ကားတင်သွင်းခွင့်ပါမစ် ရရှိထားသူများအနေနှင့် တရားမဝင်ဝန် ဆောင်မှုကုမ္ပဏီများထံ ယုံမှတ်၍ ပုံမအပ်မိစေရန်၊ ဖတ်ရှုမှတ်သားထားသည် များမှ ထုတ်နုတ်စုစည်းကာ တင်ပြအပ် ပါသည်။                        ဆက်လက်၍ တင်ပြလိုသည်မှာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ယာဉ်တင်သွင်းခွင့် အကျိုးဆောင်များ၏ စီးပွားရေးကြော်ငြာများကို လက်ခံဖော် ပြနေသည့် မီဒီယာများနှင့် ပတ်သက်၍ ဖြစ်ပါသည်။ မီဒီယာ များ၏ အသက် သွေးကြောသည် ကြော်ငြာဝင်ငွေအပေါ်မှီခိုနေရကြောင်း မှတ်သားဖူးပါ သည်။ သို့သော်လည်း နိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြုပြင် ပြောင်းလဲကာ ဒီမိုကရေစီနိုင်ငံတော် သစ်ကို ဖော်ဆောင်နေချိန်တွင် တရားဝင်ခွင့်ပြုမိန့်မရသေးသော ဝန်ဆောင်မှု ကုမ္ပဏီများ၏ ကြော်ငြာများကို ဖော်ပြ ခြင်းဖြင့် တရားဥပဒေကိုစောင့်ထိန်းရန် ပျက်ကွက်ရာရောက်ပါသည်။ မီဒီယာ များသည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုသည့် မဏ္ဍိုင်(၃)ခုကို တည့်မတ်ထိန်းကျောင်းပေးသည့်စတုတ္ထ မဏ္ဍိုင်ဖြစ်ပေရာ တည်ဆဲဥပဒေများ ကို မစောင့်ထိန်းရာရောက်သော တရား ဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ယာဉ် တင်သွင်းခွင့်အကျိုးဆောင်များ၏ စီး ပွားရေးကြော်ငြာများကို ဖော်ပြနေသည့် အပြုအမူများကို ပြုမူကျူးလွန်ရန်မှာ သင့်တော်မည်မဟုတ်သောကြောင့် အ လေးအနက်ဂရုပြုဆောင်ရွက်နိုင်ရန် ရေးသားလိုက်ရပေသည်။