Main menu

Background

ဂိမ်းချစ်သူများအတွက် အပ်ဖျားတစ်ထောက်စာ ရွေ့လျားမှုကို တုံ့ပြန်ပေးနိုင်တဲ့ Armagged-don G 11 Aliencraft Laser Class Gaming Mouse

Wed, 11/09/2011 - 07:43 -- Anonymous (not verified)

                   ဂိမ်းချစ်သူများအတွက် အပ်ဖျားတစ်ထောက်စာ ရွေ့လျားရုံနဲ့ ချက်ချင်းတုံ့ပြန်မှုကို ပေးစွမ်းနိုင်တဲ့ Jh Laser Class Gaming Mouse လေးပဲဖြစ်ပါတယ်။ အနုစိတ်နိုင်စွမ်းအားကို အနိမ့်ဆုံး 90dpi  ကနေ အမြင့်ဆုံး 5040dpi  အထိ ရရှိနိုင်ပါတယ်။ အဲဒီ mouse  လေးမှာပါဝင်တဲ့ခလုတ်တစ်ခုတည်းကနေ လုပ်ဆောင်ချက်တစ်ခုမက ပြောင်းလဲ သုံးစွဲနိုင်မယ့် Programmable Button  ၁၀ ခုပါဝင်ပါတယ်။ Click  ခေါက်မှုအကြိမ်အရေအတွက် သုံးသန်းအထိ ခံနိုင်ရည်ရှိအောင် ပုံစံထုတ်တည်ဆောက်ထားတဲ့အတွက် ရေရှည်ခံနိုင်ရည်ရှိတဲ့ Mouse  လေးပဲ ဖြစ်ပါတယ်။                   အောက်ခြေမျက်နှာပြင်မှာ ထိခိုက်ပွန်း အားမှုကိုခံနိုင်ဖို့ Ceramic foot pad  နဲ့ ပွတ်အားလျော့နည်းစေဖို့ Teflon လွှာ အုပ်ထားပေးတာကြောင့် တစ်စက္ကန့်ကို ၃၅ မီတာအမြန်နှုန်းနဲ့ပွတ်ဆွဲမှုကို ၁၀ကီလိုမီတာအထိ ခံနိုင်ရည်ရှိ စေပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့ ကိုဘီနိုးဆိုနီဂိမ်း အမျိုးမျိုးရောင်းဝယ် ရေးဆိုင် ဖုန်း-၃၈၀၅၃၆၊ ၂၅၆၄၇၁ မှာ တစ်ခုကို ကျပ် ၆၅၀၀၀ နဲ့ မေးမြန်း စုံစမ်းဝယ်ယူရရှိနိုင်ပါတယ်။