Main menu

Background

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၊ ကမ္ဘာ့မြို့ကြီးများနှင့် ရေပေါ်အိမ်ဗိသုကာပညာ

Wed, 11/09/2011 - 09:24 -- Anonymous (not verified)

                       ကမ္ဘာ့လူဦးရေဟာ လာမယ့် ၂၀၅၀ ပြည့်နှစ် ရောက်ရင် ၉ ဘီလီယံ အထိ ရှိလာနိုင်တဲ့အတွက် အထူးသဖြင့် မြို့ပြတွေမှာလူတွေနေထိုင်ဖို့ အိမ်ရာတွေ ပိုမိုပြီးလိုအပ်လာဖို့ ရှိပါတယ်။လက်ရှိကမ္ဘာ့ မြို့ကြီးပေါင်း ၁၀၀မှာ ၉၀ လောက်ဟာ ပင်လယ် ကမ်းစပ်နဲ့မြစ်ကြီးတွေနားမှာ တည်ဆောက်ထား ကြတာ တွေ့နိုင်ပါတယ်။ လာမယ့်ရာစုနှစ်အတွင်း ကမ္ဘာ့ပင်လယ်သမုဒ္ဒရာတွေရဲ့ ရေမျက်နှာပြင်ဟာ စင်တီမီတာ ၆၀ အထိ မြင့်တက်လာနိုင်တဲ့အတွက် မြို့ပြသားတွေဟာ ရေတွေနဲ့ဘယ်လိုနေထိုင်သွား ရမလဲဆိုတာ ယခုကတည်းက လေ့လာထားကြဖို့ လိုအပ်လာပါတယ်။ ကမ္ဘာမှာ ပျမ်းမျှခြင်းအားဖြင့် တစ်နေ့ကိုတော လက်ကျေးရွာတွေက လူဦးရေနှစ် သိန်းခန့်ဟာ မြို့တွေပေါ်တက်ပြီး နေထိုင်လာနေ ကြတဲ့အတွက် လာမယ့်အနှစ် ၃၀-၄၀အတွင်း မြို့ပြ တွေမှာလူဦးရေထူထပ်ကာ ရေလွှမ်းမိုးမှုအန္တရာယ် ဟာ ယခုထက်ပိုပြီး ဆိုးရွားလာနိုင်ပါတယ်။                        Waterstudio  ဗိသုကာကုမ္ပဏီကို တည်ထောင် သူ ဒတ်ချ်လူမျိုး Koenolthuis  က " ရာသီဥတု ပြောင်းလဲမှုခေတ်ကာလ ဗိသုကာလုပ်ငန်းရဲ့ အဓိကတာဝန်တစ်ခုဟာ ရေတွေရဲ့ အန္တရာယ်ကို ဆန့်ကျင်ကာကွယ်ဖို့ထက် ရေတွေနဲ့ ဘယ်လို အလုပ်ဖြစ်အောင် လုပ်ကြမလဲဆိုတာ လေ့လာဖို့ပဲ ဖြစ်တယ် " လို့ဆိုပါတယ်။                       ဒတ်ချ်လူမျိုးရေဖက်ဆိုင်ရာ ဗိသုကာနဲ့ အင်ဂျင်နီယာပညာရှင်တွေက ရေပေါ်မှာ ဆောက်လုပ် ထားတဲ့ အဆောက်အအုံ (Floating buildings) တွေဟာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၊ မြို့ပြလူဦးရေထူထပ်လာမှုနဲ့ လူဦးရေတိုးပွားလာမှု စတဲ့ပြဿနာတွေကိုဖြေရှင်းရာမှာများစွာအထောက် အကူဖြစ်စေနိုင်တယ်လို့ ထောက်ပြ ကြပါတယ်။                      ဒတ်ချ်လူမျိုးတွေရဲ့ နိုင်ငံထက်ဝက်လောက်ဟာ ပင်လယ်ရေမျက်နှာပြင်ထက်နိမ့်ခဲ့လို့လည်း လွန်ခဲ့ တဲ့ရာစုနှစ်ပေါင်းများစွာကတည်းက ရေနဲ့အတူ နေထိုင်တတ်ဖို့နဲ့ ရေဘေးအန္တရာယ်ကာကွယ် တတ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ပိုလီစတေလီနီနဲ့ ကွန်ကရစ် ပေါင်းစပ်လုပ်ကိုင်ထားတဲ့ ပလက် ဖောင်းတွေပေါ်မှာ ရေပေါ် အဆောက်အအုံ တွေကို တည်ဆောက်ခဲ့ကြပါတယ်။အိပ်ခန်း လေး ခန်းပါတဲ့ လူနေအိမ်တွေကအစ၊ အသေးစားရုံး အဆောက်အအုံတွေ၊ရေပေါ်အကျဉ်းထောင်တွေအထိ ဆောက်လုပ်ခဲ့ကြပါတယ်။ တချို့လုပ်ငန်း တွေဆိုရင် ကြီးမားလာခဲ့ပါတယ်။                        Waterstudio ကုမ္ပဏီဟာဟော်လန်နိုင်ငံတောင်ပိုင်းမှာ Citadel လို့ခေါ်တဲ့ ရေပေါ်လူနေအိမ်ရာ စီမံကိန်းကြီးကို လာမယ့်နှစ်မှာ အပြီးတည်ဆောက်နေတယ်လို့ သိရပါတယ်။                        ဒတ်ချ်ရေပေါ် အဆောက်အအုံ တည်ဆောက်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Dutch Docklands  ကလည်း မော်ဒိုက်နိုင်ငံနဲ့ဖက်စပ်ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကုန်ကျမယ့် ရေပေါ် ဂေါ့ဖ်ကစားကွင်း တစ်ကွင်းကို တည် ဆောက်နေတာ ၂၀၁၅ခုနှစ်အပြီး တည်ဆောက်သွားမယ်လို့သိရပါတယ်။ အဲဒီဂေါ့ဖ်ကွင်းကြီးပြီးရင် လူနေအိမ်ပေါင်း ၂၀၀၀၀ ပါရှိတဲ့ ရေပေါ်မြို့တစ်မြို့ကိုလည်း တည်ထောင်သွားဦးမယ်လို့ ဆိုပါတယ်။ Delft  ဗိသုကာတက္ကသိုလ်မှ ဥက္ကဋ္ဌဖြစ်သူ ဟန်းမီယာက " လောလောဆယ်တော့ ပင်လယ် လှိုင်းတွေရဲ့ အကျိုးသက်ရောက်မှုကို မလေ့လာ ဘဲ အလွန်ကြီးပြီး မြင့်မားတဲ့ ရေပေါ်အဆောက် အအုံတွေ တည်ဆောက်နိုင်သေးမှာ မဟုတ်ဘူး။                       ရာသီဥတုက ငြိမ်နေရင် ရေပေါ်အိမ်တစ်လုံးမှာ နေထိုင်ရတာပျော်စရာကောင်းပေမယ့် ရာသီဥတု အလွန်ဆိုးလာရင် ဘယ်လိုနေထိုင်ရမှာလဲ ဆိုတာ တွေးကြည့်ပါ" လို့ ထောက်ပြခဲ့ပါတယ်။ ဒါပေမဲ့ Dutch Docklands ကုမ္ပဏီကို တည်ထောင် ခဲ့သူ Olthuis ကတော့ အဲဒီပြဿနာရဲ့ အဖြေကို တင်ပြခဲ့ပါတယ်။ သူက " ကြီးမားတဲ့ ရေပေါ် အဆောက်အအုံတွေဟာ သာမန်ပင်လယ်လှိုင်း တွေကို ငယ်တဲ့ရေပေါ် အဆောက်အအုံတွေထက် ပိုပြီးခံနိုင်ရည်ရှိတယ် "လို့ ဆိုပါတယ်။ သူက " မော်ဒိုက်နိုင်ငံမှာ ဆောက်လုပ်မယ့် ရေပေါ်ဂေါ့ဖ် ကွင်းဆိုရင် ခိုင်မာတဲ့ ရေပေါ်ပလက်ဖောင်းပေါ်မှာ တည်ဆောက်သွားဖို့ရှိပြီး ဂေါ့ဖ်ကွင်းပတ်ပတ်လည် မှာလည်း ပင်လယ်ရေလှိုင်းတွေလာရင် အဲဒီ ဒီရေ စွမ်းအားတွေကို စုပ်ယူနိုင်တဲ့အတွက် မြေပြင်ပေါ် မှာ ကစားနေရတဲ့အတိုင်း ဂေါ့ဖ်ဖာတွေကစားနိုင် ကြမယ်" လို့ အာမခံထားပါတယ်။ ဒါ့အပြင် သူက " ပင်လယ်ရေကို ထိန်းချုပ်နိုင်သူတွေဟာ အဲဒီပင်လယ်ရေပေါ်တွေမှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေကိုလည်း ထိန်းချုပ်နိုင်ဖို့ရှိပါတယ်။ ဒါကြောင့် ရေပေါ်အဆောက်အအုံ တည် ဆောက်ရေး နည်းပညာဟာ ရေမျက်နှာပြင်မြင့်တက်လာနေတဲ့ပင်လယ်သမုဒ္ဒရာတွေကို လူတွေရဲ့ အဓိကအိမ်ခြံမြေတွေအဖြစ် ပြောင်းလဲပေးလာနိုင် စရာရှိတယ်" လို့ ဆိုကြောင်းပါခင်ဗျား။  ။                                  “ ရာသီဥတု ပြောင်းလဲမှုခေတ်ကာလ ဗိသုကာလုပ် ငန်းရဲ့ အဓိက တာဝန်တစ်ခုဟာ ရေတွေရဲ့ အန္တရာယ်ကို အောင် လုပ်ကြမလဲဆိုတာ လေ့လာဖို့ပဲဖြစ်တယ် . . . ဆန့်ကျင်ကာကွယ်ဖို့ထက် ရေတွေနဲ့ ဘယ်လိုအလုပ်ဖြစ် ”