Main menu

Background

ဗီယက်နမ် စပါးမျိုးစေ့ဖွံ့ ဖြိုးရေးအစီအစဉ်အတွက် အကူအညီပေးမည့် FAO

Mon, 11/14/2011 - 03:47 -- Anonymous (not verified)

                  အိန္ဒိယ၊ ဘရာဇီးနဲ့ တောင်အာဖရိက IBSA  ရန်ပုံငွေက ကန်ဒေါ်လာ ၄၉၈၈၉၄ တန်ဖိုးရှိတဲ့ စီမံကိန်းအတွင်း ဆန်မျိုးစေ့ထုတ်လုပ်မှုစဉ်ဆက်မပြတ်ရေးကို Hoa Vang  ပြည်နယ်ရှိ Hoa Tien ဒေသမှာ လုပ်ဆောင် သွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။                 ၎င်းစီမံကိန်းက နှစ်နှစ်ကြာမြင့်မှာဖြစ်ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်လုပ်ဆောင်ဖို့ ဒါနန်း ပြည်သူ့ ကော်မတီနဲ့ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့(FAO)တို့က နိုဝင်ဘာ ၃ ရက်မှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်တယ်။ စီမံချက်အရ Hoa Tien ဒေသက တစ်နိုင်ငံလုံးအတွက် ဆန်မျိုးစုံထောက်ပံ့ပေးသူနဲ့ ဆန်မျိုးစေ့ သိမ်းဆည်းထားတဲ့ ရင်းမြစ်ကြီးဖြစ်လာမှာဖြစ်ကြောင်း သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊Source: www.bernama.com.my