မကြာမီ ဆန်တင်ပို့နိုင်မယ်လို့ ဖိလစ်ပိုင်သမ္မတ အကွီနိုမှဆို
ကမ္ဘာမှာ ဆန်တင်သွင်းမှုအများဆုံးဖြစ်တဲ့ ဖိလစ်ပိုင်ဟာ မကြာမီဆန်တင်ပို့နိုင်လိမ့်မယ်လို့ အောက်တိုဘာ ၈ ရက်မှာ သမ္မတကပြောကြားပါတယ်။ Tarlac မြို့မှာကျင်းပတဲ့ (၈) ကြိမ်မြောက်နိုင်ငံတကာအော်ဂင်းနစ် စိုက်ပျိုးရေးဆိုင်ရာ ညီလာခံမှာ စိုက်ပျိုးရေးဌာနရဲ့ ဆန်တင်ပို့နိုင်ငံအဖြစ် ဖိလစ်ပိုင် ရပ်တည်လာတော့မယ့် အစီရင်ခံစာအရ သမ္မတမှ ထုတ် ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးဝန်ကြီး Alcala ဟာ ဆန်ရောင်းချမှုအခြေ အနေနဲ့ မှန်ကန်တဲ့လမ်းကို ဦးတည်လာနေခြင်းကို သက်ရောက် ပြသခဲ့ကြောင်း သမ္မတမှပြောကြားပါတယ်။ ၂၀၁၀ အတွင်း သမ္မတဖြစ်ခဲ့စဉ် ဖိလစ်ပိုင်နိုင်ငံဟာ တစ်နှစ်ကိုဆန် တန်ချိန် ၁ ဒသမ ၃ သန်းတင်သွင်းခဲ့ရာမှ တစ်နှစ်ကြာပြီး နောက် ယခုနှစ်မှာ တန်ချိန် ၆ သိန်းကို လျှော့ချတင်သွင်းခဲ့ရတယ်လို့ဆိုပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပြည်တွင်းဆန်ဖူလုံဖို့ အစိုးရက ရည်မှန်းထားပါတယ်။ စိုက်ပျိုးရေးဌာနမှ တောင်သူများကို အော်ဂင်းနစ်စပါး စိုက်နည်းအပါအဝင် အထွက်နှုန်းမြင့်နည်းပညာများ အသုံးပြုဖို့ အားပေးခဲ့တဲ့အပြင် ဝင်ငွေနဲ့ အထွက်နှုန်းမြှင့်တင်ဖို့ ၂၀၁၂ ခုနှစ်မှာ အော်ဂင်းနစ်စပါးစိုက်ပျိုးဖို့ ကန်ဒေါ်လာ ၇၀ ဘီလီယံ သုံးစွဲသွားမယ်လို့ သိရပါတယ်။ တိုင်ဖုန်းမုန်တိုင်း ၂ လုံးတိုက်ခတ်ပြီးနောက် အစိုးရဟာ တောင်သူများ ပြန်လည်ရပ်တည်နိုင်ဖို့ ပျက်စီးစပါးရဲ့ ၂၀ ရာခိုင်နှုန်းကို တစ်ကီလို ပီဆို ၁၁ ဈေးနဲ့ ပီဆို ၁ ဘီလီယံ (ကန်ဒေါ်လာ ၂၄၉သန်း) ဖိုး ဝယ်ယူဖို့ ပြင်ဆင်ခဲ့ပါတယ်။ ပုဂ္ဂလိကကုန်သည်များကလည်း အစိုးရဝယ်ယူထားပြီး ကျန်ပမာဏထဲက ၂၀ ရာခိုင်နှုန်းကို တစ်ကီလို ၁၄ ပီဆို (ကန် ဒေါ်လာ သုည ဒသမ ၃၂) နဲ့ ဝယ်ယူခဲ့တယ်လို့လည်း ဆိုပါတယ်။ လမင်း၊Source:riceonline
