Main menu

Background

ဈေးနှုန်းဖောင်းပွမှုအပေါ် စိုးရိမ်မှုတွေကြောင့် အိန္ဒိယကုလားပဲဈေးကျဆင်း

Mon, 11/14/2011 - 04:24 -- Anonymous (not verified)

                   ဈေးနှုန်းဖောင်းပွမှုအပေါ် စိုးရိမ်မှုတွေအပြင် လှောင်လက်များမှ ထုတ်ရောင်းခြင်းနဲ့ ပွဲတော်အပြီး ဝယ်လိုအား ပါးလာတဲ့အတွက် ကုလားပဲဈေး ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ဆောင်းသီးနှံများအတွက် အနိမ့်ဆုံးထောက်ပံ့ ဈေးနှုန်း တိုးမြင့်လိုက် ခြင်းက ကာလလတ်အတွင်းမှာ ကုလားပဲဈေးကို အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။                  ရာဂျက်စသန်စိုက်ပျိုးရေးဌာနရဲ့ နောက်ဆုံးစာရင်းအရ နိုဝင်ဘာ၄ ရက်အထိ ကုလားပဲစိုက်ပျိုးပြီးစီးမှုဟာ ဟက်တာ ၉ ဒသမ ၃၈ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၅ ဒသမ ၃၂ သိန်းထက် ၇၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အင်ဒရာ ပရာဒေ့ရှ်ရှိ စိုက်ပျိုးရေးဌာနရဲ့ အစီရင်ခံစာအရ ၂၀၁၁-၁၂ ဆောင်းပဲစိုက် ဧရိယာဟာ ယခင်နှစ်က ဟက်တာ ၅ ဒသမ ၀၆ သိန်းရှိရာမှ ယခုနှစ်မှာ ဟက်တာ ၃ ဒသမ ၅၄ သိန်းကို ၃၀ ရာခိုင်နှုန်း လျော့ကျတယ်လို့ဆိုပါတယ်။ ပထမအကြိမ် အစိုးရခန့်မှန်းချက်အရ ပဲထုတ်လုပ်မှုဟာ အစောပိုင်းက တန်ချိန် ၇ ဒသမ ၁၂ သန်းရှိမယ်လို့ ခန့်မှန်းရာမှ တန်ချိန် ၆ ဒသမ ၄၃ သန်းကို ကျဆင်းမယ်လို့ခန့်မှန်းတဲ့အတွက် ကာလတိုအတွင်း ကုလားပဲဈေးကို အထောက် အပံ့ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အခြားပဲထုတ်လုပ်တဲ့ မြန်မာ၊ သြစတြေးလျနဲ့ ကနေဒါတို့မှာလည်း ရာသီဥတုကြောင့် ပဲထုတ်လုပ်မှု ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ လာမယ့်လများမှာ ပဲတင်သွင်းမှုဈေးနှုန်း ကြီးမြင့်ခြင်းက ကုလားပဲ ဈေးကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ယမင်းခင်၊ Source: commodityonline