အိန္ဒိယနိုင်ငံဟာ မိုးရာသီ ပဲထုတ်လုပ်မှု ကျဆင်းမှုကြောင့် ပြည်တွင်းပဲ လိုအပ်ချက်ကို ရည်မှန်းထားတဲ့ ဆောင်းရာသီ ပဲထုတ်လုပ်မှု တန်ချိန် ၂ ဒသမ ၇၈ သန်းနဲ့ ပြန်လည်ဖြည့်ဆည်းဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် အဲဒီအစီအစဉ် အောင်မြင်ဖို့အတွက် သေချာတဲ့ အစီအစဉ် ဟုတ်မဟုတ်ကိုတော့ စောင့်ကြည့်ရ ဦးမှာဖြစ်ပါတယ်။ ၂၀၁၁ မိုးပဲထုတ်လုပ်မှုမှာ တောင်သူများက ဈေးပိုရတဲ့ ပဲပုပ်၊ စပါးနဲ့ ဝါဂွမ်းကို ရွှေ့ပြောင်းစိုက်ပျိုးလာကြတဲ့ အတွက် ၂၀၁၀ မိုးစိုက်ဟက်တာ ၁၁၅ သိန်းရှိခဲ့ရာမှ ဟက်တာ ၁၀၄ သိန်းကို လျော့ကျလာခဲ့ပြီး၊ ထုတ်လုပ်မှု မှာလည်း တန်ချိန် သုည ဒသမ ၈ သန်းမှ ၁ သန်းခန့်ကျဆင်းခဲ့တယ်လို့ ခန့်မှန်း ထားပါတယ်။ ယခုနှစ် စက်တင်ဘာလအတွင်း ဆောင်းပဲစိုက်ပျိုးမှုကို အစိုးရက ဟက်တာ ၁၀ သိန်း ပိုမိုစိုက်ပျိုးဖို့ ပြည်နယ်တွေကို အားပေးခဲ့ပေမယ့် ၂၀၁၁-၁၂ ဆောင်း ရာသီ ပဲထုတ်လုပ်မှုဟာ တန်ချိန် ၁၀ ဒသမ ၂၇ သန်းကို လျော့ကျနိုင် တယ်လို့ အိန္ဒိယစိုက်ပျိုးရေးဌာနက ခန့်မှန်းထားပါတယ်။ စိုက်ပျိုးရေးဌာနက ဆီထွက်သီးနှံ စပါးနဲ့ အတူ ပဲနီလေးကို ကြားညှပ်စိုက်ဖို့ အကြံပြုခဲ့ပါတယ်။ ဒါ့အပြင် ပဲမျိုးစုံကို လည်း ဥတ္တရာပရာဒေ့ရ်ှမှာ ကြံစိုက် ဟက်တာ ၁ သိန်းနဲ့ ကြားညှပ်စိုက်ပျိုးနိုင်ပါ တယ်။ ဒါပေမယ့် မဟာရပ်ရှတရာ၊ ကာနာတာကာနဲ့ အင်ဒရာပရာဒေ့ရှ်တို့မှာ မိုး နည်းပါးလို့ တောင်သူများ ပဲမျိုးစုံအစား ပဲပုပ်နဲ့ ဝါဂွမ်းကို ပြောင်းလဲစိုက်ပျိုး လာတဲ့အတွက် မိုးပဲမျိုးစုံ တန်ချိန် ၄ သိန်း - ၆ သိန်းခန့် ဆုံးရှုံး မှုရှိခဲ့တယ်လို့ အရာရှိများက ဆိုပါတယ်။ ၂၀၁၀ ခုနှစ်အတွင်း ပဲမျိုးစုံ တန်ချိန် ၁၈ ဒသမ ၀၇ သန်းထိထုတ်လုပ်နိုင်တဲ့အတွက် ယခင်နှစ်က ပဲတင်သွင်းမှုကျဆင်းခဲ့ပေမယ့် ယခု နှစ်မှာတော့ မိုးပဲရော ဆောင်းပဲပါ အထွက်ကျဆင်းဖွယ်ရှိလို့ တင်သွင်းမှု ပိုမို လာနိုင်တယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာန (USDA) က ခန့်မှန်းထားပါတယ်။ ယခင် နှစ်က အိန္ဒိယဟာ မိုးပဲကို တန်ချိန် ၇ ဒသမ ၁ သန်းအထိ စံချိန်တင်ထွက်ရှိ ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယကို ပဲအဓိက ရောင်းချတဲ့နိုင်ငံများနဲ့ ပမာဏများမှာ ကနေဒါက တန်ချိန် ၁ ဒသမ ၂ သန်း၊ မြန်မာက တန်ချိန် သုညဒသမ ၄၈ သန်း၊ သြစတြေးလျ က တန်ချိန် သုည ဒသမ ၂၁၂ သန်း၊ အမေရိကန်က သုည ဒသမ ၂၀၃ သန်း၊ တန်ဇန်းနီးယားက တန်ချိန် သုည ဒသမ ၁၄၄ သန်းနဲ့ မိုဇမ်းဘစ်က တန်ချိန် သုည ဒသမ ၀၈၉ သန်းအသီးသီး ရှိပါတယ်။ အိန္ဒိယအစိုးရဟာ ဆောင်းရာသီ ပဲစိုက် ပျိုးမှု မြင့်တက်စေဖို့ တောင်သူတွေကို အားပေးတဲ့အနေနဲ့ ကုလားပဲနဲ့ ပဲနီလေးလို ပဲများအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP) ကို တိုးမြှင့်ခဲ့ပါတယ်။ ယင်းပဲ ၂ မျိုးလုံး အတွက် တစ်တန် ရူပီး ၂၈၀၀၀(ကန်ဒေါ်လာ ၅၆၄) သတ်မှတ်ဖို့ ယခင်နှစ်ဈေးများထက် ကုလားပဲကို တစ်တန် ရူပီး ၇၀၀၀(ကန်ဒေါ်လာ ၁၄၁)နဲ့ ပဲနီလေးအတွက် ရူပီး ၅၅၀၀ (ကန်ဒေါ်လာ ၁၁၁)အသီးသီးတိုးမြင့်ခဲ့တာ ဖြစ်ပါ တယ်။ ပဲမျိုးစုံအတွက် ပွဲတော်ဝယ်လိုအားက လျော့လာခဲ့ပြီး အောက်တိုဘာ လ ကုန်မှာ ကနေဒါနဲ့ ပြင်သစ်က ပဲဝါလေး တန် ၃ သိန်းတင်သွင်းခဲ့တာကြောင့် ဈေးကွက်တွေမှာ လက်ကျန်အလုံအလောက်ရှိနေတယ်လို့ အိန္ဒိယ ပဲမျိုးစုံနဲ့ သီးနှံ အသင်းက ဆိုပါတယ်။ နိုင်ငံတော်ကုန်စည်ဒိုင် (NCDEX) မှာ နိုဝင်ဘာလ ကုလားပဲကြိုပွိုင့်ဈေးဟာ ပဲရရှိနိုင်မှုနည်းလို့ အတက်အကျ အပြောင်းအလဲရှိနေပါတယ်။ ယမင်းရွှေစင်၊ Source: commodityonline
Background