ယခင်အပတ်မှအဆက် အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၀-၂၀၀၃ ခုနှစ်၏ရေထွေးဖမ်းမိငါးများရာခိုင်နှုန်း တွက်ချက်ရာတွင် ၆၂.၆ ရာခိုင်နှုန်းရှိသည်ကိုတွေ့ရသည်။ထို့ကြောင့် မြန်မာနိုင်ငံ၏ပင်လယ်ပြင်တွင် ဖမ်းမိသည့် ရောထွေးဖမ်းမိငါးများ ကိုခန့်မှန်းရာတွင် တရားဝင်ကုန်တက်ကိုပြန်လည် ညှိနှိုင်း တွက်ချက်ရန်လိုကြောင်း ရေးသားထား ပါသည်။ စာတမ်းအရဆိုလျှင် ပုံမှန် တရွတ်ဆွဲကုန်တက်အပေါ်တွင် ၃ ဆပိုမိုတွက်ဆရမည်ဖြစ်ကြောင်းတွေ့ရ ပါသည်။ထို့ကြောင့် ၂၀၀၀-၂၀၀၃ခုနှစ် ကာလအတွက် ကုန်တွက်ကိုတွက်ချက် ရာတွင် ၂၉၀၀၀၀ တန် အစား ၈၇၀၀၀၀ တန်ဖြစ်မည်ဟုဆိုပါသည်။ ထိုတန်ဖိုးပေါ်တွင် စာရင်းမပို့သောကုန်တက် ၅၈၀၀၀၀ တန်ကို ပုံမှန်နှစ်စဉ် ကုန်တက် ၁၂၁၀၀၀၀ တန်ကို ထပ်မံပေါင်းထဲ့ရမည်ဖြစ်ပါသည်။(ထိုတန်ဖိုး သည် ၈၇၀၀၀၀ တန်၏ နှစ်ပုံသုံးပုံ တန်ဖိုး)ဖြစ်ပါသည်။ထိုအခါ စုစုပေါင်းကုန်တက်သည် တန်ချိန်ပေါင်း ၁၇၉၀၀၀၀ မက်ထရစ်တန်ဖြစ်ပါမည်။ ထိုအထဲတွင် ၄၈.၆ ရာခိုင်နှုန်းဖြစ် သောတန်ချိန် ၈၇၀၀၀၀ တန်သည် ရောထွေးဖမ်းမိ၍ နှစ်စဉ် ဆုံးရှုံးသွား သော ငါးသယံဇာတများ ဖြစ်ပါသည်။ ထိုတန်ဖိုး သည် မြန်မာနိုင်ငံတစ်နိုင်ငံ တည်းကဆုံးရှုံးသွားသည့်တန်ဖိုးဖြစ်ပါသည်။ နိုင်ငံတစ်ခုခြင်း၏နှစ်စဉ် ဆုံးရှုံးနေသော တန်ဖိုးများပေါင်း၍တွက်ချက်ကြည့်ပါ ကလွန်စွာထိတ်လန့်ဖွယ်အရေအတွက် ကိုတွေ့ကြရမည်။ လူသားတို့ နောင်အရှည်စား သုံးရန်အတွက် ငါးငယ်လေးပေါင်းမြောက်မြားစွာကို လူသားတို့ကိုယ်တိုင် ဖျက်ဆီးပစ်နေကြပြီ၊မည်မျှနှမြောဖွယ်ဖြစ်ပါသနည်း။ နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေနှင့် တစ်မျိုးသားလုံးထုတ်လုပ်မှု ပမာဏ ဂျီဒီပီတိုးတက်အောင် ဆောင်ရွက်ပေးနေ သည်ဟုထင်ရလောက်ပါသည်။အမှန်တရားကတော့ GDP ထက် မိမိတို့ အကျိုးစီးပွားမပျက်စီးရေး၊ ကိုယ်ကျိုးစီး ပွားကြည့်သည့်ဝါဒ လက်ကိုင်ထားနေခြင်းကြောင့် မကြာမီကာလအတွင်း တိုင်းပြည်၊ ကမ္ဘာနှင့်အဝှမ်း ရေသယံ ဇာတများ ယုတ်လျော့ပျက်စီးတော့ မည်မှာ သိသာထင်ရှားလှပါသည်။ နိုင်ငံတော်၏အကျိုးကြည့်မည် ဆိုလျှင် အဘယ်ကြောင့် တန်ဖိုးရှိသည့် ငါးငယ်လေးများပါမကျန် ဖမ်းဆီး ရောင်းချချင်နေရပါသနည်း၊နိုင်ငံတော် ၏မွေးမြူရေးကဏ္ဍ လိုအပ်ချက်ဖြစ်သောကြက်စာ၊ဘဲစာ၊ငါးမွေးမြူရေးအတွက် ကုန်ကြမ်းအဖြစ်လည်းကောင်း၊အခြေခံ ရန်ကုန်မြို့လူထုစားသုံးနိုင်သည့်အရည် အသွေးရှိတန်ဖိုးနည်းငါးများဖြစ်ပါသည် ဟုဆိုနိုင်ပါသေးသည်။သို့သော်လပိုင်း အတွင်းနိုင်ငံတော်အတွက် တန်ဖိုးထိုက် တန်စွာရရှိမည့်တန်ဖိုးရှိငါးငယ်လေးများ သိန်းသန်းချီကာ ကြက်စာ၊ဘဲစာတန်ဖိုး နှင့်သာ နိုင်ငံတော်၏ အဖိုးမဖြတ်နိုင် သည့် ရေသယံဇာတများကို အကျိုးမဲ့ ဖြုန်းတီးပစ်နေခြင်းကို သိသာမြင်သာရှိ ဖို့လိုပါသည်ရေရှည်ငါးပုစွန်သယံဇာတ တည်တံ့ရေး၊နောင်လာနောက်သား၎င်း တို့၏သားစဉ်မြေးဆက်ငါးပုစွန်သယံဇာ တကိုထိန်းသိမ်းသွားသင့်သည်မဟုတ်ပါလား။ တချို့ဝိသမလောဘသား တို့က လည်း စိုက်ထုတ်ထားသော စရိတ်ကြေစေရန် Break point ရောက်ရန် ပင်လယ်ထဲတွင် ကြာကြာငါးဖမ်းနိုင်စေရန်အတွက် (၃)လခန့်ပင်လယ်ထဲတွင် ကမ်းခြေပြန်မကပ်ပဲ၊ငါးဖမ်းဆီးခွင့်တောင်း ဆိုလာနိုင်ကြပါသည်။သို့သော်ပင်လယ် ထဲတွင် ရက်ကြာကြာ ဖမ်းလေလေ ကုန်ကျ စရိတ်များ ပိုတက်ကာ Breakeven point အရင်းကျေမည့် ကာလသည် မိမိတို့ခန့်မှန်းထားသော ကာလထက်ဝေးကွာသောနေရာသို့ ရွေ့ လျားသွားသည်ကိုသတိမူကြဖို့လည်းလို အပ်မည်ဖြစ်ပါသည်။ အံ့သြဖွယ် ကောင်းလေစွ၊ ပင်လယ်ထဲတွင် ထင်တိုင်းကျဲတော့မည်ဆို သည့်သဘောပေလား။ ပင်လယ်ထဲ တွင် ရက်ကြာစွာ ဖမ်းဆီးပြီး၊ သယ်ပို့ရေယာဉ်ဖြင့် ရသလောက်သယ်ယူ ကာ ၎င်းတို့က နိုင်ငံတော်အတွက် ကိုယ်ကျိုးမဖက် GDP တက်အောင်ဖမ်း ဆီး ပေးကြမည် ၎င်းတို့အဆိုပေတည်း။ နိုင်ငံတော်၏ နောင်ရေးငါးပုစွန်သယံ ဇာတပျောက်ကွယ်မည့် အရေးကိုတော့ ထည့်သွင်းပြောဆိုကြခြင်း မတွေ့ရပါ။ ငါးပုစွန် သယံဇာတ ပြန်လည် တိုး တက်လာစေရေးကို ရေတို ရေရှည် စီမံကိန်းများ ချမှတ်အကောင်အထည် ဖော် ဆောင်ရွက်ကြရမည်ဖြစ်ရာ ငါးလုပ်ငန်းစီမံခန့်ခွဲမှုကို နိုင်ငံတကာငါး လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများ၊ဥပမာ SEAFDEC,FAO,BIMSTEC, BOBLME, UNDP, MFRDMD, BOBP-IGO အစရှိအဖွဲ့များနှင့်အတူ လက် တွဲ၍ သယံဇာတသုံးစွဲသူများနှင့် အတူ လက်တွဲ၍ သယံဇာတသုံးစွဲသူ များပါ ပါဝင်ဆောင်ရွက်ကြလျှင် တိုင်း ပြည်၏ ငါးပုစွန်သယံဇာတသည် ပြန်လည် တိုးတက် ပေါများလာမည်မှာ ဧကန်ပင်ဖြစ်သည်။ပြန်လည်ဆောင် ရွက်ရန်လည်း သဘာဝကြီးကမီးမောင်း ထိုး အချက်ပြနေပြီဖြစ်သည်။ နိုင်ငံ တကာ အဖွဲ့အစည်းများကပင် ငွေ ကြေး အမြောက်အမြား အကုန်အကျခံ ကာ သယံဇာတများပြန်လည် တိုးပွား စေရေးအတွက်လာရောက် ဆောင်ရွက် ပေးနေကြသည်။ မိမိတို့ ပြည်သူ၊ သယံဇာတဖြင့် စီးပွားရှာနေသူတို့အဖို့လည်း ဥစ္စာရင်လိုဥစ္စာရင်ခဲဆိုသည့် အတိုင်းဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက် သင့်သည်မဟုတ်ပါလား။အော် နောင် တွင် သားလေးတို့ သမီးလေးတို့ စားဖို့ ငါးပုစွန်ပြန်လည်ပေါများလာဖို့အတွက် ဆောင်ရွက်ကြရန်အချိန်ရောက်ပြီဖြစ် ကြောင်း၊မကြာတော့သည့်အချိန်တွင် သယံဇာတကျိန်စာ မသင့်ကြရလေအောင်၊ငါးပုစွန်သယံဇာတပညာရှင်များ အားလုံးဝိုင်းဝန်း ပူးပေါင်းလုပ်ဆောင် ကြပါစို့ဟု ပြည်သူသိအောင် ရင်ဖွင့်ရေး သားလိုက်ရပါသည်။ အဏ္ဏဝါချစ်သူ
Background